09

25K 2.6K 126
                                    

ရေခဲပြင်စကိတ်စီးစခန်းလေးမှာလူတွေအများကြီးပဲ။ ပြီးတော့အားလုံးရဲ့အာရုံက တစ်နေရာရာမှာမသိမသာရောသိသိသာသာပါရောက်နေတယ်။ ကောင်လေးတစ်ယောက်က နောက်ကောင်လေးတစ်ယောက်ကို ရေခဲပြင်စီးစကိတ်တွေ ထိုင်ဝတ်ပေးနေတာ။ အပေါ်ကကောင်လေးက အဲ့ဒီကောင်လေးရဲ့ပခုံးတွေကို လက်ဖျားလေးထောက်လိုက် လွတ်လိုက်နဲ့!

သူတို့သိတယ်။ အဲ့ဒါ စုံတွဲပဲ။ ပြီးခဲ့တဲ့နှစ်တုန်းက တအားနာမည်ကြီးခဲ့တာ။ ဝမ်လုပ်ငန်းစုရဲ့ ဆက်ခံသူ သခင်လေး နဲ့ သူ့ချစ်သူ! မိန်းကလေးမဟုတ်တဲ့တစ်ယောက်ပေါ့! မာနကြီးလှတဲ့ ဝမ်သခင်ကြီးက သူတို့ကိုအသိအမှတ်ပြုခဲ့တဲ့အကြောင်း တိုးတိုးတိတ်တိတ်အသံတွေထွက်လာခဲ့တာ။ အဲ့ဒီနောက်မှာတော့ ဝမ်သခင်လေးတက်သမျှပွဲတိုင်းကို နောက်ကောင်လေးတစ်ယောက်အမြဲပါလာရော။ ပြီးတော့ မိတ်ဆက်ပေးသမျှတိုင်းဟာ 'ဒါ သူ့လက်တွဲဖော်ပါ' တဲ့။ လူလုံးထွက်ပြလေ့မရှိတဲ့ နာမည်ကြီး ဒီဇိုင်းဆရာကို ရိပေါ်ဘေးမှာတွဲမြင်ရတဲ့အခါ အကုန်လုံး သွေးမအန်ရုံတမယ်ပဲ။ လူငယ်တွေကြားမှာရောလူကြီးပိုင်းလုပ်ငန်းရှင်တွေကြားမှာပါ ရိပေါ်ရဲ့ ideaတွေက အမြဲတမ်းဆန်းသစ်နေတယ်။ အခုတော့သူတို့သဘောပေါက်သွားပြီ။ ဝမ်ရိပေါ်ရဲ့နောက်က ပါရမီဖြည့်ဘက်ဟာ သေးသေးမွှားမွှားပညာရှင်မှမဟုတ်ခဲ့ပဲ!

မိန်းကလေးတွေ အကြီးအကျယ်အသည်းကွဲခဲ့ကြတဲ့နှစ်ပဲ! ဝမ်သခင်လေးပြုံးရင် သူတို့ကမ္ဘာမှာပန်းတွေပွင့်တယ်။ အဲ့ဒီအပြုံးတွေဟာ သူ့ဘေးကတစ်ယောက်အတွက် သီးသန့်ဖြစ်နေမှန်းကို လစ်လျူရှုပြီးနေနိုင်ရင်ပေါ့! ယောကျာ်းလေးနှစ်ယောက်ကြားကချစ်ခြင်းမို့ ကြားထိုးခံရတာတွေမြင်ရင် ရိပေါ်ရဲ့မန်နေဂျာမလေး မိန်မိန်းက တအားရယ်တယ်။

မလိုက်ဖက်ဖူးလို့ဘယ်သူမှမပြောရဲဘူး။ ဒီလိုပေါ့ !အဖြူနဲ့အနက်ဟာ ဆန့်ကျင်ဘက်ပေမဲ့ သူတို့နှစ်ယောက်အတူရှိနေရင် ဘယ်အရောင်ကမှလိုက်မမှီအောင်လှပတာမျိုး! အဲ့ဒါ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ပဲ။ ဆန့်ကျင်ဘက်တွေကြားကနေ လိုက်ဖက်ညီတဲ့နှစ်ယောက်။

ရိပေါ်အတွက် ရှောင်းကျန့်ဟာ သူအဆုံးထိကာကွယ်ပေးရမယ့် ယုန်ဖြူလုံးကလေးပဲ။ ခက်ခဲတဲ့နေ့တွေပြီးသွားပေမဲ့ ရိပေါ်ကတော့ အခုထိအကျင့်ပါနေတုန်း။ ဖိနပ်ကြိုးချည်ပေးတာကအစ! ပခုံးပေါ်အနွေးထည်လွှားပေးဖို့အဆုံး!

Lovingly(အမြတ်တနိုး) ||Completed!||Where stories live. Discover now