စပြီပဲ!
ရှောင်းကျန့်ခေါင်းတွေတဗျင်းဗျင်းကုတ်နေတယ်။ အခုမှအိပ်ရာထလာလို့ဗြုတ်စဗျင်းတောင်းနဲ့! ဝမ်ရိပေါ်က ဇွန်းကိုက်ပြီးဘေးမှာရပ်နေတယ်။ ပြီးတော့ရှောင်းကျန့်ကို မျက်လုံးလှန်ကြည့်တယ်။ သူဘာမှားလို့လဲဆိုတဲ့အထာနဲ့!
ဘာမှမမှားဘူး။ တစ်ခုပဲ ။ အဲ့ဒီရေဗောလောနဲ့ ခေါက်ဆွဲပြုတ်အိုးကဘာလဲ! ရိပေါ်နှာခေါင်းနားမှာအိုးမည်းနည်းနည်းပေနေတယ်။ ငါရီချင်လာပြီ။
ထုသံရိုက်သံတွေကြားလို့ ရှောင်းကျန့် နောက်ဖေးချောင်သေးသေးထဲ လိုက်ဝင်လာတော့ ရိပေါ်ကို တွေ့တယ်။ ဘာလုပ်နေလဲဆို သခွားသီးတွေကို ဓားနဲ့အပြားလိုက် လိုက်ရိုက်နေတာ! ပြီးတော့ ပွက်ပွက်ဆူနေတဲ့ခေါက်ဆွဲ ပြုတ်တစ်အိုးနဲ့!
"ဖယ်! ထွက်သွား!"
ရိပေါ်ကဘေးကိုအသာကပ်ရပ်ပြီး ငြိမ်ငြိမ်ကလေးကြည့်နေတယ်။
ချီးပဲ!
မျက်နှာတောင်မသစ်ရသေးဘူး အရှုပ်တွေလိုက်သိမ်းနေရပြန်ပြီ!
ဒီလိုဖြစ်နေတာ တစ်ပတ်လောက်ရှိနေပေမဲ့ ရိပေါ်ကလက်မလျော့သေးဘူး။ ရှောင်းကျန့်ကလည်း မညည်းမငြူ နဲ့ပဲ ရိပေါ်ရှုပ်သမျှလိုက်သိမ်းပေးနေတုန်းပဲ။
.......ရွာက ရိပေါ်ကြောင့် ဆရာတွေအများကြီးရောက်လာတယ်။ ခြောက်ယောက်! သူတို့က အစိုးရခန့်ပေမဲ့ နယ်မြေခွဲတမ်းမရှိတဲ့ဆီတမင်ပဲ အပို့ခံရတာ။ ဝမ်ရိပေါ်ကြောင့်!
သူကရှောင်းကျန့်ကိုပြန်ခေါ်သွားချင်ပြီ။ ရွာကမလွတ်ချင်ဘူး။ အဲ့တာနဲ့ပဲ ရိပေါ်အမ်းချလိုက်တော့တာပဲ! ရူးနေလို့ ငါကရှောင်းကျန့်ကိုပေးရမှာလား! ရှောင်းကျန့်အတွက်ဆို ရိပေါ်က ဘီလူးဆိုင်းတီးပြီးပဲထွက်ရထွက်ရ။ ရိပေါ်က တကယ်အရည်ပျော်နေပြီ!.............
အငူပေါ်ကနေခြေထောက်တွေကိုပင်လယ်ထဲချရေစိမ်ထားတဲ့ရှောင်းကျန့်ပါးကို ဖြတ်ကနဲနမ်းလိုက်တယ်။ မမွှေးပေမဲ့ အေးအေးလေး! ရှောင်းကျန့်ကိုဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းအေးချမ်းနေတဲ့ ခံစားချက်ကလေး! သူ့ရေအေးစီးကြောင်းလေး!
YOU ARE READING
Lovingly(အမြတ်တနိုး) ||Completed!||
أدب الهواة" မင်းတို့မှာ..ဇာတ်လမ်းတစ်ပုဒ်ထဲကလို အချိန်မျိုးရှိခဲ့လား?"