ဒီနေ့ကျမှ ရာသီဥတုက ကိုယ့်ဘက်ပါနေသယောင် ။
တိမ်ကင်းစင်ကာ နေမင်းကြီးကလင်းထိန်နေသည်။
အချိန်ဆွဲမနေဘဲ စကိတ်ဘုတ်ပြားလေးကို
အိမ်တံခါးဝထောင့်မှာ ထောင်ထားရာမ
ှအမြန်ကောက်လိုက်ကာ ဖိနပ်ကြီးလေး အမြန်ချည်ပြီး
အမေမရိပ်မိခင် အသာလေး လစ်ခဲ့တော့သည် ။
နောင်ကိစ္စကိုနောက်မှရှင်းမည် ဆိုတဲ့အတွေးနဲ့
လှည့်မကြည့်ပဲ ထွက်လာခဲ့လိုက်သည် ။'' ၀မ်ရိပေါ် .... ´´
အထက်တန်း ပထမနစ်ကျောင်းသားလေး ။
ဆိုးသည်လည်းမဟုတ် တော်သည်လည်းမဟုတ်သော
ကြားအခြေအနေနဲ့ အဆိုးလေးဖြစ်နေသော
ချေတေတေ ပြန်မပြောနားမထောင်ကောင်လေး ။
အားလပ်ချိန်ကို စာလေ့လာရင်းကုန်ဆုံးရသည်ထက်
စကိတ်ပြားတစ်ခုနဲ့ စတန့်ကွက်များကြားထဲ
အချိန်တွေနစ်မြုပ်နေတတ်သူလေးဖြစ်သည် ။
ပညာရေးမှာ အထူးချွန်ကြီးမဟုတ်ပေမဲ့
တစ်နစ်တစ်တန်းကို အိပ်နေရင်းပင်
အောင်သော ရွှေညဏ်တော်စူးရောက်လေး ဆိုရင်လည်း
မမှားဘူးဖြစ်သည် ။နောက်မှလှမ်းခေါ်လိုက်သော ဟောင်ရွှမ် ကြောင့်
စကိတ်ပြားပေါ်တက်တော့မည့် ရိပေါ်ရဲ့ခြေထောက်များ
နောက်ဆုတ်လိုက်သည်''၀မ်ဟောင်ရွှမ် ´´
သူလည်းပဲ အဆိုးလေးလို့ဆိုရလောက်သည့်
ကောင်ဆိုးလေးတစ်ယောက်ပင် ။
အတန်းချိန်တွေလစ်သည်
အားကစားချိန်တွေမှာပျောက်သွားတတ်ပြီး
စာကြည့်တိုက်သွားအိပ်တတ်သည် ။
ဆရာ ဆရာမများကိုကျချွဲတတ်သူ
ကျောင်းလှုပ်ရှားမှုတွေမှာကျ အားပါးတရာပါဝင်
ကူညီတတ်သူလေးပေးမို့ အဆိုးလေးပေမဲ့
အချစ်ပိုကြသည် ။
YOU ARE READING
EXISTENCE
Romanceကျွန်တော်အတွက် အချစ် ဆိုတဲ့ဖြစ်တည်မှုက တကယ်တော့ ရိုးရိုးရှင်းရှင်း အဖြူ ထည်သက်သက်မြတ်နိုးမှုတခုရယ်သာ