လူဆိုးတစ်ယောက်ကိုတွေ့လိုက်ရ၍ လန့်ဖြန့်သွားသော
မျက်ဝန်းတစ်စုံနဲ့ကြည့်နေသော ရှောင်ကျန့် ကြောင့်
ဟောက်ရွှမ် နည်းနည်းတော့ စိတ်ခုသွားသည်။'' ငါက အဲ့လောက်ကြောက်စရာကောင်းနေလို့လား ´´
ရှောင်ကျန့် စကားတစ်ခုမှခွန်းမတုံ့ပဲ ဟောက်ရွှမ်ကို
ဖယ်ပေးရန် စိုက်သာကြည့်နေလေသည်။
ထိုလူဆိုးလေးတွေနဲ့ သူစကားထပ်မများချင်တော့သည်မို့။'' မင်းစကားမပြောတတ်တော့ဘူးလား ´´
ဟောက်ရွှမ်ရဲ့ အကျင့်ဆိုးလေးတွေစလာလေပြီ
အကြီးမှန်း စီနီယာမှန်း သူခေါင်းထဲမရှိပဲ
ပေါ့ပေါ့ပါးပါး စိတ်လွတ်ကိုယ်လွတ်ခေါ်ပြောတတ်သော
အကျင့်က အပေါင်းသင်းအနေနဲ့ အဆင်ပြေပေမဲ့
ရှောင်ကျန့်လို တခါသာတွေ့ဖူးပြီး ထိုတွေ့ဆုံမှုကလည်း
ကောင်းသောတွေ့ဆုံမှု မဟုတ်ခဲ့သောသူအတွက်
အနည်းငယ်ရိုင်းနေသလိုဖြစ်သည်။'' မင်းသိလား ငါမင်းထက် တစ်နှစ်ကြီးတယ် ´´
ရှောင်ကျန့် စိတ်မထိန်းနိုင်သည့်အဆုံး
သက်ပြင်းရှည်တခုနဲ့စကားဆိုလိုက်ခြင်းပင် ။'' အဲ့တော့ ဘာဖြစ်လဲ ´´
ဟောက်ရွှမ်က ရိသဲ့သဲ့နဲ့ပင်ထပ်ပြောလေသည်။
'' ရှောင် ကျန့် .. နာမည်ကတိုပြီးပြတ်သားတဲ့ပုံပဲ ´´
ဟောက်ရွှမ်လည်း နေရာမှဖယ်ပေးလိုက်ပြီး
ရှောင်ကျန့်ရဲ့ နာမည်တံဆိပ်ကို သေချာစိုက်ကြည့်ကာ
ဖတ်လိုက်ပြီး နေရာမှထွက်သွားသည်။ရှောင်ကျန့်လည်း အကျယ်ကျယ် ပြသနာမဖြစ်ချင်
တော့သည်မို့ လစ်လျူ ရှုကာ မိမိလုပ်စရာရှိတာသာ
ဆက်လုပ်လိုက်သည်။စိတ်ထဲမှာတော့ ထိုလူဆိုးလေးတွေနဲ့ထပ်မတွေ့ပါစေနဲ့
ဟူ၍သာဆုတောင်းနေမိလေသည်။
YOU ARE READING
EXISTENCE
Romanceကျွန်တော်အတွက် အချစ် ဆိုတဲ့ဖြစ်တည်မှုက တကယ်တော့ ရိုးရိုးရှင်းရှင်း အဖြူ ထည်သက်သက်မြတ်နိုးမှုတခုရယ်သာ