ဒူးခေါင်းနားက နာကျင်မှုကို ရိပေါ်က
ခံစားလိုက်ရသည်မို့ ညည်းသံလေးစွတ်မိသည် ။''အား ပါးပါး ငါတော့အရိုးကျိုးပြီထင်တယ် ´´
ဟောင်ရွှမ်လည်း ရိပေါ်ကို ထိတ်ထိတ်ပြာပြာနဲ့
ပြေးထူလေသည် ။'' ရိပေါ် ရလား ငါတို့ဆေးရုံသွားမလား ´´
ဝမ်ရိပေါ် ရှိသမျှအားလေးဆွဲတင်းကာ ကုန်းထ
လေသည် ဖုန်တွေပေကျံနေသော အကျီလေးကတော့
အမေအတွက် မေးစရာတွေဖြစ်ပေးတော့မည်
အိမ်မပိုင်သည့် အခြေအနေမှ နေအိမ်အကျယ်ချုပ်
ကျတော့မည့် မိမိဘ၀ကို တွေးပြီးရင်လေးနေမိသည် ။'' ရတယ် အဆင်ပြေတယ် ´´
ဝမ်ရိပေါ်တဲ့ ၀မ်ဟောင်ရွှမ်းတို့နစ်ယောက်
သူတို့ဘာသာသူတို့အာရုံရောက်နေတဲ့အချိန်
အကူညီတောင်းသည့် လေသံလေးကြားလိုက်ရသည်။'' ဟို .. ဟို ကျွန်တော့်ကို စက်ဘီလေး
ဖယ်ပေးပါလား ဟင် ´´ဟောင်ရွှမ်းလည်း ရုတ်တရက်အသိပြန်ဝင်ကာ
တူတူလဲကျနေသော စက်ဘီးပိနေရှာတဲ့
တဖက်ကကောင်လေးကိုတွေ့လိုက်ရသည် ။
အမြန်ပင် ပြေးကာ ထိုကောင်လေးရဲ့
ကိုယ်အောက်ပိုင်းပေါ်လဲကျနေသော ထိုစက်ဘီး
ကို ဖယ်ချပေးလိုက်တော့ ခြေနင်းတံနဲ့ခြစ်မိကာ
ထိုကောင်လေးရဲ့ ခြေသည်းမှာသွေးများစီးကျနေသည်။'' အယ် .. ခင်ဗျား ..ခင်ဗျားသွေးတွေထွက်နေတယ် ´´
အရင်တည်းက သွေးကိုလန့်တတ်သော
ဟောင်ရွှမ်တစ်ယောက် အာခေါင်သံကြီးနဲ့
ထအော်လေသည် ။ဝမ်ရိပေါ်လည်း အမြန်
လှမ်းကြည့်လိုက်မိတော့ ထိုကောင်လေးမျက်နှာမှာ
နည်းနည်းတော့ နာကျင်ရိပ်ပေါ်နေသည်။မနာပဲနေနိုင်မလား .. ခြေထောက်နုနုလေးက
သွေးတွေထွက်နေသည်မှာ ရဲတွတ်စွာ။
ဝမ်ဟောင်ရွှမ်တစ်ယောက်ကတော့သွေးတွေ
မြင်ပြီးအသားတွေပါတုန်တတ်နေလေသည်။
YOU ARE READING
EXISTENCE
Romanceကျွန်တော်အတွက် အချစ် ဆိုတဲ့ဖြစ်တည်မှုက တကယ်တော့ ရိုးရိုးရှင်းရှင်း အဖြူ ထည်သက်သက်မြတ်နိုးမှုတခုရယ်သာ