မနေ့ ညက အရက်တွေမူးအောင်သောက်ထားတာကြောင့်
အခုတော့ ယွန်းဂီ တစ်ယောက် ခေါင်းစကိုက်နေပြီ။''အားးး ခေါင်းကလည်းကိုက်လိုက်တာ ''
မျက်လုံးကမဖွင့်သေးပဲ နူတ်ခမ်းဆူကာ နထင်နှစ်ဖက်ကို
လက်မနဲ့ လက်ညိုး အသုံးပြုကာ ယွန်းဂီကို ကြည့်ပြီး
ဟိုဆော့ ရီမိသည်။''နိုးရင်လည်း ထတော့ ကိုယ်တော်ချော ''
''အင်း အင်း ထပြီး''
ပြန်ဖြေပြီး ချက်ချင်းအလိုလို မျက်လုံးပြူးလာကာ ကောက်ကာ
ငင်ကာ ထထိုင်ပြီး''ခင်ဗျာ ကျွန်တော်ကို ပြန်ပေးဆွဲလာတာလား ''
''ဘာ ''
ဟိုဆော့ ဒေါသထွက်သွားသည်။ ဒီကောင်လေး စကားပြော
တာအချိုးမဟုတ် ကူညီရသေးတယ် အခုပြောပုံက''ဒါလည်းကောင်းတာပဲ များများတောင်း ပြီးရင် ကျွန်တော်
ကို နည်းနည်းပေး ''ဟော အခုကြည့်ဦး သူ့ ရဲ့  ဆံပင်တွေကို ဖွကာ ပြောနေပုံက
ဟိုဆော့ ခါးထောက်ပြီး''မင်းမနေ့ ည က ကလပ်အရှေ့ မှာမူးနေလို့  ငါ့ကူညီပေး
ထားတာ မင်းထင်သလိုပြန်ပေးဆွဲတာ မဟုတ်ဘူး''ဟိုဆော့ရှင်းပြတော့ နားထဲ လက်ညိုးထိုးကာ လုပ်ပြနေပုံက
တကယ်အပေအတေကောင်လေးပင်။''ခင်ဗျာ တကဟ်ပြန်ပေးမဆွဲဘူးပေါ့ ''
အော်ဒီကောင်လေးရာယ် ခတ်ပါပြီ။
''ငါ့က ရိုးရိုးသားသား အလုပ်လုပ်တာကွ'''
ယွန်းဂီ နှာခေါင်းလေးရူံပြကာဟိုဆော့ကို ကြည့်လိုက်သည်။
''ကားခ ခင်ဗျာကို ပေးမယ် ဘယ်လောက်လည်း''
ဟိုဆော့ တစ်ချက်ပြုံးသွားကာ
''ဝမ် တစ်ထောင် '
ယွန်းဂီ တစ်ယောက်ခေါင်းညိတ်ရင်း ဘေးနားက သူပိုက်ဆံ
အိတ်ထဲက ပိုက်ဆံကို နိုက်ကာ''ရော့ ကျူ ပ်ကိုကူညီလို့  5000ယူလိုက်''
ဟိုဆော့ တစ်ယောက် ပိုက်ဆံလှမ်းယူရင်း တစ်ထောင်ပဲယူကာ ကျန်တဲ့ ၄၀၀၀ကို ယွန်းဂီကိုပြန်ပေးတော့