[ Zawgyi ]
ရိပေါ်လဲ သူ့ရှေ့ ကို ရုတ်တရက် ဘာများကျလာလဲဆိုပီး တချက်နောက်ကိုတွန့်သွားသည်။
ငုံ့ကြည့်လိုက်တော့မှ တစုံတယောက်က တမင်တကာ ပစ်ချလိုက်သည့်အလား ထင်ရတဲ့ လှပသော တရုတ်စံကားပန်းလေးနှစ်ပွင့်ပင်။
ထိုပန်းလေးနှစ်ပွင့်ကို ရိပေါ် ညင်သာစွာ လှမ်းယူလိုက်ပီးပြုံးကာ
' ကော ဒါလေးတပွင့်ယူ '
' ရိပေါ်ရယ် ကောကို ရိပေါ် က အခု ပန်းလာပေးနေတာလား' ဆိုပီး ရယ်နေသော ရှောင်ကျန့်ကြောင့် ရိပေါ် အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားသည်။
' ကော မယူချင်လဲ ရပါတယ် ကျွန်တော် ပေးတယ်ဆိုတာကလဲ...'
ရိပေါ် စကားမဆုံးခင်မှာပင်
' စတာပါ ရိပေါ်ရဲ့ ကလေးလေးပေးတဲ့ ပန်းကို ကောက သိမ်းထားပေးမှာပေါ့ '' ကော က ကျွန်တော့်ကို တကယ်ပဲ ကလေးလေးလို့မြင်နေတာလား '
' အင်းလေ ကလေးလေးပေါ့ ကောထက် နှစ်နှစ်တောင်ငယ်တဲ့ ကလေးလေးပဲ ကဲ ကဲ ရိပေါ်ရေ အတန်းချိန်လဲ နီးပီ ကောသွားတော့မယ် စာသေချာလုပ်နော် ပေါက်စလေး ' ဆိုပီး ရယ်လျက်ပြောလိုက်သည်။
ရိပေါ် ကတော့ ဘာမှ ပြန်ပြောလိုက်ချိန်ပင်မရတော့။ သူချစ်ရတဲ့ သူ့ကောက သူတို့အဆောင်ရှေ့ ကထွက်သွားလေပြီ။
ဒီလိုနဲ့ နေ့တိုင်းအတူတူ ကျောင်းသွား ကျောင်းပြန်လုပ်ကြရင်းတော်တော်လေးပင်ရင်းနှီးလာသည်။ ရိပေါ်လဲ ရှောင်ကျန့်ကို အရင်လိုရှိန်မနေတော့။
တဖြည်းဖြည်းနဲ့ စာမေးပွဲတွေလဲ နီးလာတော့ ရှောင်ကျန့်ကလဲ သူ့စာနှင့်သူပိနေတော့ ရိပေါ် နဲ့ ကျောင်းသွားကျောင်းပြန်ကားပေါ်မှာလောက်ပဲ တွေ့ပီးစကားပြောဖြစ်သည်။
အရင်လို ခဏခဏ မဆုံနိုင်ကြတော့။ အရင်ဆို canteen မှာ သူနဲ့ အတူတူ ဆုံပီး ထမင်းတွေဘာတွေ
စားနေကျဆိုတော့ သူ ကျန့်ကော ကိုလွမ်းတာတော့ အမှန်ပင်။တရက်ကို ၂၃ နာရီ လောက်က ကောကိုပဲ သတိရနေတာ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းကိုမသိ။ စာလုပ်ချင်စိတ်လဲ မရှိနဲ့ဆိုတော့ သူကောကိုဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။
-------
' Hello ကော ဘာလုပ်နေလဲ '
DU LIEST GERADE
ဆူး
RomantikXiaoZhan - ၄နှစ်အရွယ်တည်းက ကံဆိုးလာခဲ့ရတဲ့ကျွန်တော့ဘဝ ဇာတ်ကြောင်းက တသက်လုံးလဲ မဖြောင့်ဖြူးခဲ့သလို အချစ်လမ်းခရီးဟာလဲထို့အတူပါပဲ။ Wang YiBo - တသက်လုံး ကျွန်တော့်ဘဝမှာ စိတ်ပူပန်စရာရယ်လို့ဘာမှမရှိခဲ့ဘူး ရွှေလိုရင်ရွှေ ငွေလိုရင်ငွေပဲ မထင်မှတ်ဘဲနှလုံးသားထဲက...