[ Zawgyi ]
ရိပေါ်နောက်သူ့မာမား က လူလွှတ်ပြီး ကြည့်ခိုင်း
လိုက်တာကိုတော့ ရိပေါ်လုံးဝမရိပ်မိပါ။ခြံစောင့်ဦးလေးကြီးနဲ့လွှတ်လိုက်ရင်တောင် ဟိုက
လူကြီးဆိုတော့ မျက်စိကမှုန် နားကထိုင်းနဲ့ ဆိုတော့ သေချာလိုက်မကြည့်နိုင်မှာစိုးတာကြောင့် သူတို့အိမ်မှာ ခြံသန့်ရှင်းရေးလုပ်တဲ့ အသက်၃၀ဝန်းကျင်အရွယ်
အမျိုးသားတယောက်ကိုသာ စေလွှတ်လိုက်သည်။ထိုအမျိုးသားက ရိပေါ်ဘယ်သွားလဲ ဘယ်သူနဲ့တွေ့လဲ ဆိုတာ သေချာကြည့်ပြီးရိပေါ်မပြန်ခင် အိမ်ကိုအရင်ပြန်နှင့်ပြီး ရိပေါ်ရဲ့ မာမားအား အကြောင်းစုံပြန်လည် ပြောကြားသည်။
' မမလေး ရိပေါ် က မဟုတ်တာလုပ်နေတာတော့
မဟုတ်ဘူးထင်တယ် ခင်ဗျ'ဧည့်ခန်းက sofa ပေါ်မှာ ပန်းအိုး အလှဆင်ရင်းထိုင်နေသော ဝမ်ရိပေါ်ရဲ့ မာမားသည် ထိုစကားကြောင့်
အနည်းငယ်တော့ စိတ်အေးသွားသည်။' နင်သူ့ကိုဘယ်မှာ ဘယ်သူနဲ့တွေ့ခဲ့လဲ ငါ့ကိုမြန်
မြန်ပြောစမ်းပါ'' ဟုတ်ကဲ့။ ကျွန်တော် သူ့ကို စွတ်ချန်လမ်းမပေါ် က
နှစ်ထပ်အိမ်ပေါ်တက်သွားတာတွေ့လိုက်ပါတယ်။ ကျွန်တော်လိုက်ကြည့်တော့ အထဲမှာ သူ့အရွယ်နီးနီး ကောင်လေးတယောက်ပဲ တွေ့တယ်။အိမ်ထဲက မှောင်နေတော့ သေချာတော့ မမြင်ရဘူး။ ပြီးတော့ သူတို့က အပေါ် ထပ် ဝရန်တာ မှာ
ရီရီမောမောစကားတွေပြောနေလိုက်တာဆိုတာ များ မမလေးရယ် ရိပေါ် ကလုံးဝ လူစားထိုးခံလိုက်ရသလိုပါပဲ။ 'ရိပေါ် မာမား မှာ ထိုစကားကြားတော့ ပန်းအိုးထိုးနေ
ရင်းမှရပ်လိုက်ပြီး' ဟဲ့ ငါ့သားလေး ရိပေါ် ဆိုတာ သေချာရဲ့လား '
' သေချာပါတယ် မမလေးရယ် ကျွန်တော်သေချာမြင်ခဲ့တာပါ။ အိမ်မှာ နေနေကျ ရိပေါ်ပုံစံတော့ လုံးဝ
မဟုတ်လို့ ကျွန်တော်တောင် မယုံဘူးဗျာ။တကယ်ကို ဟိုကောင်လေးရဲ့မျက်နှာကိုကြည့်လိုက် စကားတွေ
ပြောလိုက် ရီလိုက်နဲ့ ။ မသိရင် သမီးရည်းစားတွေလိုပဲဗျ'
YOU ARE READING
ဆူး
RomanceXiaoZhan - ၄နှစ်အရွယ်တည်းက ကံဆိုးလာခဲ့ရတဲ့ကျွန်တော့ဘဝ ဇာတ်ကြောင်းက တသက်လုံးလဲ မဖြောင့်ဖြူးခဲ့သလို အချစ်လမ်းခရီးဟာလဲထို့အတူပါပဲ။ Wang YiBo - တသက်လုံး ကျွန်တော့်ဘဝမှာ စိတ်ပူပန်စရာရယ်လို့ဘာမှမရှိခဲ့ဘူး ရွှေလိုရင်ရွှေ ငွေလိုရင်ငွေပဲ မထင်မှတ်ဘဲနှလုံးသားထဲက...