ဆူး - Part 42 ( Final Part )

12.2K 591 46
                                    

( ZawGyi )

ကျွန်တော် နားမလည်တော့ဘူး။ ကောက ကျွန်တော့်အကိုလား။ဒါ့ကြောင့် မားက ဟိုတခါ ကောအကြောင်းမေးခဲ့တာကို။ကျွန်တော် နုံတာ။ကျွန်တော် ကော ဘေးနားမှာ အကြာကြီးရှိခဲ့ပြီးတော့ ကောက မွေးစားသားတယောက်ဆိုတဲ့ အဖြစ်အပျက်ကိုတောင်လုံးလုံးလျားလျားမသိခဲ့ပါလား။

ဟုတ်တာပေါ့။ ကောရဲ့ diary စာအုပ်ထဲက ' ကျန့်ဟွာ ' ဆိုတဲ့နာမည်။ ကျွန်တော်အခုမှသတိရတယ်။ကျွန်တော့် အကိုပေါ့။ ကျွန်တော် ရူးရူးမူးမူးချစ်မိခဲ့တဲ့လူက ကျွန်တော့်အကိုပေါ့လေ။

' ဘာလဲ။မဖြစ်နိုင်လိုက်တာ။ ကျွန်တော် စွန့်ပစ်ခံရကတည်းက ကျွန်တော့်မှာ ညီလေးရှိတယ်ဆိုတာ ကျွန်တော်ဘာလို့မသိခဲ့ရတာလဲ။ ပါးနဲ့ပဲ အမြဲ ရန်ဖြစ်ပြီး အိမ်ပူနေခဲ့တာမလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ကျွန်တော့်  ပါးကို လုပ်ကြံမိတဲ့ အပြစ်ကို ဖုံးကွယ်ချင်လို့မလား။ ဒါ ခင်ဗျားဂွင်တစ်ခုပဲမလား '

ရှောင်ကျန့်ပြောတာလဲ ဟုတ်သလိုလို။ ရိပေါ်ရဲ့မားဆိုတာ မကောင်းမှုလုပ်ဖို့ဆို ဝန်လေးတတ်တဲ့သူမဟုတ်။ ကိုယ့်အသိုက်ပြိုမှာကိုသေမလိုကြောက်ပြီး သူများဆို သေသေကြေကြေ ပစ်ထားနိုင်တဲ့အထိ အသည်းမာတဲ့ အမျိုးသမီး။ ရိပေါ်ကတော့ သူ့ကော ပြောတာကိုသာ တထစ်ချ ယုံကြည်နေသည်။

' ဟုတ်တယ်။ ကော ပြောသလိုပဲမလား '

' မား ပြောပြမယ်။ ခဏလေးနားထောင်ပေး '

နှစ်ယောက်လုံး အသံတိတ်သွားကြတော့၏။

' မင်း လေးနှစ်သားတုန်းက  ငါ နင့်ပါပါးနဲ့အကြီးအကျယ်ရန်ဖြစ်ခဲ့တယ်။အကြောင်းရင်းကတော့ သူကလည်း ဝင်ငွေသိပ်ရှာနိုင်တာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ငါရရာအလုပ်လုပ်ခဲ့တယ်။ နောက်ဆုံး KTV အထိရောက်တယ်။ အဲ့မှာပဲ ရိပေါ် ပါးနဲ့စတွေ့ခဲ့တာ။ ရိပေါ်ရဲ့မားက အဲ့အချိန်ကတည်းက ဆုံးသွားရှာပြီ။ '

အဆိုးထဲက အကောင်းပဲပေါ့။ ကျွန်တော်သက်ပြင်းခိုးချမိတယ်။ ရိပေါ် ကကျွန်တော့်ညီအရင်းတော့ မဟုတ်ခဲ့ဘူးပေါ့။

' ရိပေါ်ပါးကို အဲ့ဒီ KTV မှာ မား စတွေ့ခဲ့တာ။ မားကလည်း အဲ့အရွယ်တုန်းက ခပ်ငယ်ငယ်၊ လှလှပပ ဆိုတော့ ရိပေါ်ပါး မျက်စိကျသွားတယ်ဆိုပါတော့။ အဲ့ကတည်းက သူ့မှာ ၂နှစ်အရွယ် ကလေးလေးတယောက်ရှိကြောင်း မားကိုပြောပြခဲ့တာ။ကြာလာတော့ မားကို သူလက်ထပ်မယ်လို့ပြောတယ်။ သူ့ company visting card တွေကအစ ပေးပြီး မားကိုအတင်းဆွယ်တယ်။ဒါပေမဲ့ ကျန့်ဟွာ မင်းကို အားနာလို့ ငါ လက်မခံခဲ့ဘူး။ဒါပေမဲ့ car accident ဖြစ်တဲ့နေ့မှာတော့ ဆေးရုံမှာတင် မား သူ့ကိုဆက်သွယ်ခဲ့တယ်။ '

ဆူးTempat cerita menjadi hidup. Temukan sekarang