တိမ်ဖုံးခဲ့တဲ့ အမှောင်ညတွေမှာ
လရောင်ကို လွမ်းဆွတ်မိတဲ့အခါအတ္တကို ခါဝါမချနိူင်သမျှ
မာနတွေဟာ အလွမ်းတွေရှေ့မှာ
အခါခါဒူးထောက်ရတာတွေ။တချိန်က လရောင်အောက်
နှုတ်ခမ်းဖျားမှတဆင့် ခပ်ရေးရေးပါးနီရောင် အဖြစ် ခြယ်သထားခဲ့ဖူးတဲ့ လေလှိုင်းထဲက
အနမ်းတွေ။ အခုလို အမှောင်ညတွေမှာတော့
အလွမ်းတွေနဲ့သာကျန်ရစ်ခဲ့တဲ့
ပန်းချီကားတချပ်။