လူတွေအပေါ်
အသနားခံချင်တဲ့စိတ်
အနားကနေထွက်မသွားဖို့ တောင်းဆိုချင်မှုတွေ
ထုတ်မပြဖြစ်ခဲဲ့တဲ့ စကားလုံးတွေဟာ
ကျွန်တော့်ကို အမြဲနာကျင်နေရပြီး
အများကြီး ပြိုလဲစေတယ်။မပျော့ညံ့ချင်တဲ့ စိတ်ဟာ
ကျွန်တော့်ကို ဖေးမပေးတယ်။
နာကျင်မှုတွေ မျက်ရည်တွေအတွက်
မာနကို ရှေ့တန်းထားရင်း
ကျွန်တော့်အတွက် လစ်လျူရှုမှုဟာ
အကောင်းဆုံး အဖော်ဖြစ်နေခဲ့ပြီ။သို့သော် ကျွန်တော့်မှာ
ကြိုးစားရင်းနဲ့ ပြိုလဲနေဆဲပဲ......