အေးခဲနေသော နှလုံးသား

2.9K 181 1
                                    

Chapter-1

Our life is meaningless

ဂွမ်း!!!!

    ရှင် ဘာလုပ်တာလဲ ဒါကျွန်မအမေပေးထားတဲ့ အမွေပစ္စည်းလေ ရှင့်တခြားပစ္စည်းတွေကိုခွဲချင်သလောက်ခွဲ ကျွန်မပစ္စည်းတွေကိုတော့ လာမထိနဲ့´

ဘာ!! မင်းကမင်းပစ္စည်းတွေထိတော့ကျတော့မခံဘူးတော့ ဟုတ်လား ငါမဟုတ်တဲ့တခြားယောက်ျားတွေနဲ့ကျတော့ အတူတူလိုက်အိပ်နေပြီးတော့!

မင်း သမီးတွေကိုမသနားတော့ဖူးလား! မင်းကမိခင်စိတ်မရှိတဲ့မိန်းမပဲ မင်းနဲ့ငါ အခုကွာရှင်းမယ်! မင်းနဲ့တစ်အိမ်ထဲနေရမှာတောင်ရွံလွန်းလို့´

အော် ရှင်ကလည်းရှင့်အကြံနဲ့ပေါ့လေ ဟုတ်လား ရှင်နဲ့ဖောက်ပြားနေတဲ့ ဟိုဖာသည်ကောင်မနဲ့ အတူတူနေချင်လို့မလား ရတယ်လေ ရှင်မရှိလည်းကျွန်မဘဝမပျက်စီးသွားဘူ့း  ကျွန်မဘာသာ လုပ်ကိုင်စားသောက်နိုင်တယ် ကျွန်မလည်းရှင့်လို အောက်တန်းစား မိန်းမမြင်တိုင်းဖောက်ပြန်ချင်တဲ့သူနဲ့ မပေါင်းနိုင်ဖူး ကွာရှင်းမယ်!!!

ဖြန်း!!!

 

ရှင်... ရှင် ဘာလုပ်တာလဲ ကျွန်မကိုရိုက်တယ်ပေါ့ဟုတ်လား ရှင်ရိုက်ချင်တိုင်း ရိုက်လို့ရမယ်ထင်နေလား ရှင့်မှာပဲလက်ပါတာမဟုတ်ဘူး ကျွန်မမှာလည်း လက်ပါတယ်ဲ

ဖြန်း!!!!

         ထို့နောက်နှစ်ယောက်သားအလူးအလဲ သတ်ပုတ်နေကြသည်။ယောက်ျားသည် မိန်းမအပေါ်တွင်တက်ခွ၍ မိန်းမ၏မျက်နှာအား ပေါက်ပြဲမတက် လက်သီးဖြင့်အကြိမ်ကြိမ်အခါခါ ထိုးနှက်နေလေသည်။မိန်းမသည်လည်းအောက်တွင် ရုံန်းရင်း ယောက်ျားအား ခြေထောက်ဖြင့် ကန်ကြောက်နေလေသည်။

ထိုသို့ စိတ်ပျက်ကြောက်ရွံ့ဖွယ်အပြုအမူများကို အရုပ်ကလေးပိုက်လျက် ၈ နှစ်အရွယ်ကောင်မလေးတစ်ယောက်သည် အခန်းအပေါက်ဝမှ ဝမ်းနည်းကြောက်လန့်ဖွယ်မျက်လုံးများဖြင့် ကြည့်နေလေသည်။

saeng ... unnie နဲ့မုန့်သွားစားရအောင် အရသာရှိတာဝယ်ကျွေးမယ်လေ´´်

သူနှင့်နာရီပိုင်းသာခြား၍မွေးထားသော အမရောက်လာပြီး မုန့်သွားစားမယ်ဟူသောစကားဖြင့် ညီမလေးအားအပြင်ထွက်ရန် တိုက်တွန်းလိုက်သည်။ထို့နောက် saeng ၏လက်ကိုကိုင်၍ အိမ်အောက်ထပ်သို့ဆင်းသွားခဲ့သည်။အသက်ပိုငယ်သောကောင်မလေးသည် ထိုအခန်းထဲသို့ ခေါင်းတစ်လှည့်လှည့်ဖြင့် အမခေါ်ရာသို့သာလိုက်သွားခဲ့သည်။သူ၏ မျက်ဝန်းထဲတွင်ထိုပုံရိပ်များသည် ပန်းချီကားတစ်ချပ်ဖွယ် စွဲထင်ကျန်ရစ်ခဲ့တော့သည်။

အေးခဲနေသော နှလုံးသားWhere stories live. Discover now