Touch my heart 18💛

3.7K 207 4
                                    

unicode version

မနက်မိုးလင်းတော့ jisooက အရင်နိုးလာပါသည် အင်္ကျီအရင်လဲဝတ်လိုက်ပြီး ဘေးကိုကြည့်လိုက်တော့ jennieကတော့ မနိုးသေး။

Jiji niniပါးလေးကို လက်နဲ့ ပွတ်လိုက်ပြီး

"Nini ထတော့"

Niniကိုယ်လုံးလေး လှုပ်လာသည်

"Jiji"

Niniက အိပ်ချင်မူးတူး အသံလေးဖြင့် နိုးလာပါသည်

"Nini ထ ၉နာရီ ထိုးနေပြီ"

"အီး....စောကြီးရှိသေးတယ် မထချင်ဘူး"

"၉နာရီကစောတယ်လား"

Jijiပြောလည်း niniက ကုတင်ပေါ်မှာ အခုထိ ကွေးကွေးလေး အိပ်နေတုန်း

"လာပါ niniကလည်း အိပ်ပုတ်ကြီးမနေနဲ့ကွာ ထတော့"

Jijiကပြောပြီး jijiလက်နှစ်ဖက်ကို အိပ်ယာပေါ်က ဆွဲထူသည်

"ဒါဆိုနမ်း"

"ဟာ ...niniက သွားမှ မတိုက်ရသေးတာ"

"ဘာလဲ ကိုယ့်ချစ်သူက သွားမတိုက်ရသေူလို့ မနမ်းချင်ဘူးလား"

Niniက မျက်နှာစူပုပ်တော့ jijiမှာ niniကို ငုံ့ကာ နမ်းလိုက်ရသည်

"နမ်းပီးပီ ထတော့ သွား မျက်နှာသွားသစ်တော့"

"ထပ်နမ်းဦး"

Niniရဲ့ စကားသံကြောင့် Jiji niniကို ထပ်နမ်းလိုက်ပါတယ် ၃ချက် ၄ချက် နှူတ်ခမ်းကို ချိုမြိန်စွာ အနမ်းတွေပေးလိုက်ရင်း

"ကဲကဲ မမjen ကျေနပ်ပီမလား ထတော့"

"အင်း"

ဒီလိုပြောမှ niniက အိပ်ယာပေါ်က ထထိုင်သည်

"ပီးရင် အိမ်ရှေ့ထွက်ခဲ့ jiji မနက်စာ ပြင်ထားလိုက်မယ်"

Niniရဲ့ ခေါင်းလေးကို ပုတ်ကာ ပြောပီး jiji အိမ်ရှေ့ ထွက်လာပါသည်

မနက်စာပြင်ဆင်ပီး niniကို စောင့်နေမိတယ်

Niniထွက်လာတော့ jijiတို့အတူ မနက်စားစာပါသည်

"Nini ဒီနေ့ schedule ရှိလား"

"အင်း ရှိတယ်"

"ဟင် နားရက်မပေးဘူးလား အခုမှ Asia tour က မနေ့က ပြန်လာတာလေ"

Touch my heart 💓(Jensoo)Where stories live. Discover now