Touch my heart 1💛

5.4K 322 12
                                    

unicode version

"ဒေါက် ဒေါက်"

ပထမဆုံးကြားလိုက်ရတဲ့ တံခါးခေါက်သံ

သူမ မထသေး

"Jisoo ရေ jisoo မနိုးသေးဘူးလား"

ထပ်အသံကြားပြန်တယ် မျက်စိကို မဖွင့်မိ သူမ နိူးတော့ နိူးနေပါသည် ထတော့ မထသေးချင်သေးပါ

"Jisooရေ"

အသံပြဲကြီး ကြားရပါပြီ သူမအချစ်ဆုံး သူငယ်ချင်းကြီး Chaeyoungရဲ့ အသံပြဲကြီး စကြားရပါပြီ

ညက လူက ပင်ပန်းလွန်းလို့ နားချိန်တောင်မရ
အိမ်ပြန်ရောက်တော့ မနက်၁နာရီ
ရောက်တာနဲ့ လူက အားမရှိလို့
တခါတည်း အိပ်ယာပေါ်ရောက်တာနဲ့
တန်းအိပ်ပျော်သွားတော့သည်

"ဟဲ့ jisoo ထ"

ပြောရင်းဆိုရင်း ကလန်ကာကို ဖွင့်လိုက်သောကြောင့် ပြင်ပက နေရဲ့ အလင်းရောင်ဟာ အခန်းထဲ ထိုးဝင်လာသည်

သူမမျက်စိကို ကြိမ်းလို့
မျက်လုံးတွေကို အတင်းစွတ်မှိတ်လိုက်ပြီး
စောင်ကိူ အတင်းခြုံလိုက်တော့
Chaeyoung က အတင်းကို
စောင်ကို ဆွဲပါသည်

"Jisoo ထမယ် ထ ထ ဒီနေ့ မနက်ဆိုင်ဖွင့်ပွဲ သွားရမယ်လေ"

"ခဏလေးဟာ ငါအိပ်ချင်သေးလိူ့ဟ"

"လာပါဟ jisoo ya"

Jisooကို အတင်းဆွဲထူပါသည်

"ထပါပီဟ"

Jisooက မျက်နှာ စူပုပ်ပုပ်နဲ့ ပြောလိုက်ပါသည်

"ငါbreakfast ပြင်ပေးထားမယ် "

Chaeyoungကပြောပြီး ထွက်သွားသည် jisooကတော့ စူပုပ်ပုပ်နဲ့ပဲ ရေချိုး အဝတ်အစားလဲကာ ထွက်လာပါသည်

Chae ပြင်ပေးတဲ့ ပေါင်မုန့်နဲ့ ကော်ဖီကို စားနေရင်း

"ဒီနေ့ schedule က မနက်၁၁နာရီမှာ ဆိုင်ဖွင့်ပွဲ နေ့လည်ကတော့ ခဏနားလို့ရတယ် ညနေကျရင်တော့ ကြော်ငြာရိုက်ရမယ်"

Jisooကတော့ မုန့်လေးစားရင်း ခေါင်းလေး တညိတ်ညိတ်နှင့်

Chaeyoungကjisoo ရဲ့ အချစ်ဆုံးသူငယ်ချင်း ငယ်ငယ်ကတည်းက အခု jisoo နာမည်ကျော်မင်းငမီး ဖစ်တဲ့အထိ ဘေးနားမှာရှိသောသူ jisooအကြောင်း သူမသိတာမရှိ အကုန်သိပါသည်

Touch my heart 💓(Jensoo)Tempat cerita menjadi hidup. Temukan sekarang