unicode versionJisoo အင်္ကျီအဝတ်အစားလဲပြီး ပြန်ထွက်လာချိန်မှာတော့ ထောင့်တနေရာမှာရပ်နေတဲ့ jennie ကို မြင်လိုက်သည် သူမကြည့်တာ MTV ရိုက်ဖို့ အကုန်ပြင်ဆင်ပီးပီ ထင်ပါရဲ့
ဒီMTVမှာ jennieက နည်းနည်းယောကျ်ားလေးဆန်ဆန် ဝတ်ထားတယ်ဆိုတော့ jennieရဲ့ boy styleကို ကြည့်ကာ jisoo ပြုံးမိလိုက်သည်
Jisoo ပြုံးတာကို jennie မြင်တော့ jiji ဘက် လမ်းလျှောက်လာပါသည်
"Jisoo အရမ်းလှတာပဲ"
မရည်ရွယ်ဘဲ သူ့ပါးစပ်က လှစ်ခနဲ ထွက်သွားပါသည်
တကယ်ကိုပင် jisooက အရမ်းလှလွန်းလို့ လူက နစ်မြောနေတာ ကိုယ့်ပါးစပ်ကိုယ် မထိန်းနိုင်မိဘဲ သူမကို ပြောမိလိုက်ပါသည်
Jennieရဲ့ ရုတ်တရပ် ပြောလိုက်သောစကားကြောင့် jisooလဲ ရင်ခုန်သံတွေ မြင့်တက်လေသည်
ငါဘာလို့ ရင်ခုန်သံတွေ ခုန်နေရတာလဲ တကယ်ပဲ..
Jisoo ခုန်နေတဲ့ သူ့နှလုံးသားကို ထိန်းချုပ်ပြီး
"Jennieက jijiကို မြှောက်နေတာပဲ"
Jisooက မျက်ခုံးလေးကို ပင့်ပြီး ပြောလာချိန်မှာတော့ jennieတယောက် jisoo အကြည့်တွေကို လုံးဝမခံနိုင်တော့ပေ။
တခြားဘက်ကို လွှှဲကြည့်လိုက်ပြီး အသံတိူးတိုးလေးနဲ့
"မမြှောက်ပါဘူး တကယ်လှလို့ လှတယ်ပြောတာပါ"
Jennieရဲ့စကားသံကြောင့် jisooက လူမသိစွာ ပြုံးလိုက်မိပါသည်
"Thank you"
ဒီအချိန် director က ရောက်လာပြီး
"Jennieနဲ့ jisoo တယောက်နဲ့တယောက် မိတ်ဆက်ပေးစရာ မလိုဘူးထင်တယ် သိပြီးသားတွေထင်တယ်"
"Nae"
"ဒါဆို စရိုက်ရအောင်လေ ပထမ scenceက ၂ယောက် လက်ကိုင်ပြီး corridor တလျှောက် လမ်းလျှောက်လာမယ် ပြီးရင် တယောက်နဲ့တယောက် အကြည့်ချင်းဆုံမယ် ok?"
သူမတို့၂ယောက်စလုံး ခေါင်းညိတ်လိုက်ပါသည်
သူကတော့ နည်းနည်းစိတ်ပူပါသည် သူက မင်းသမီး မဟုတ်ဘူးလေ သိပ်ပြီး အိုက်တင်သိပ်မလုပ်တတ်ပါ သူစိတ်ကို jisooက သိလို့လားမသိ သူ့နားကိုကပ်ကာ

KAMU SEDANG MEMBACA
Touch my heart 💓(Jensoo)
Romansaကိုယ်ကြိုက်သော plot💓 မင်းသမီးနဲ့ အဆိုတော်နဲ့ တွေ့ကြသောအခါ💓 jensoo fic💛 အသေroမယ်❤ #Chaelisa #2yeon