Ep-1

3.3K 259 72
                                    

Ji Xing companyဆိုတာ အားလုံးသိတဲ့အတိုင်း ​Shen Haiမြို့​တော်​ရဲ့ ထိပ်​သီးcompany​တွေထဲက တစ်​ခုဖြစ်တာနဲ့အညီ  ​​​​​ထိုအတိုင်းပဲ Ji Xing companyပိုင်​ရှင်​ Wangသူ​ဌေ့းကြီးဟာလည်း စီးပွား​ရေးနယ်​ပယ်​မှာဘုရင်​ထိပ်​​ခေါင်​တစ်​ပါးအဖြစ်​ Shen Hai မြိ့​တော်​တစ်​ခုလုံးကအသိအမှတ်​ပြုလက်​ခံထားကြတယ်​။

သို့​ပေမဲ့ သူတို့လုံးဝမယုံနိုင်​တာက Wangသူ​ဌေးကြီးက စီးပွား​ရေးဘက်​မှာအင်​မတန်​ထူးချွန်​သ​လောက်​ Wangမိသားစုရဲ့ တစ်​ဦးတည်း​သောရင်​နှစ်​သည်းခြာ, Ji Xing company ရဲ့အနာဂတ်​ဦး​ဆောင်​သူဖြစ်​လာရမယ့်​ ' Wang Yibo' ဆိုတဲ့လူငယ်​​လေးက​တော့ အ​ဖေနဲ့တစ်​စက်​က​လေးမှမတူဘဲ အဖေ့​ခြေ​ရိပ်နင်း​ဖို့ေ​​န​နေသာသာ အားတဲ့အချိန်​တိုင်းgame​ဆော့လိုက်​  အပြင်​ထွက်​လည်​လိုက်​နဲ့အ​လေလိုက်​​နေ​တော့တာကိုပဲ။

ဘာတဲ့ shen hai မြို့သူမြို့သားအများစု​ပြော​လေ့ရှိကြတဲ့ ထို​ကောင်​​လေးရဲ့အ​ကြောင်းက... 'အလကား အ​ဖေရဲ့​ကျော​ထောက်​​နောက်​ခံ​ကြောင့် ​မြှောက်​ကြွ​မြှောက်​ကြွဖြစ်​​နေတဲ့ ၁၀၉ ၁၁၀ ​ကောင်​ပါကွာ ဘွဲ့ရပြီးဘာအလုပ်​မှမလုပ်​ဘဲ အ​လေပဲလိုက်​​နေတဲ့​ကောင်​ '

~~~~~~~~~~Just a moment~~~~~~~~~~

" သခင်​​လေး ည​နေ​မွေး​နေ့ပါတီအတွက်​ suitယူလာ..."

အခန်းထဲကိုဝင်​လိုက်​တယ်​ဆိုရင်​ပဲ သခင်​​လေးမ​ပြောနဲ့  သခင်​​လေးရဲ့အရိပ်​​လေး​တောင်​မ​တွေ့ရတာ​ကြောင့်​ အသစ်​စက်​စက်​အိမ်​​တော်​ထိန်း​လေးဟာ လက်​ထဲကsuitကို​တောင်​ အထိတ်တလန့်နဲ့​​လွှတ်​ချမိသွားတယ်​။

သေပြီ!! သူ​ဌေးကြီးက သခင်​​လေးကိုဘယ်​မှမသွား​အောင်​​စောင့်​ကြည့်​ခိုင်း​ထားတာကို!!!!

" သခင်​​လေး ဒီအ​စေခံကိုမကျီစားပါနဲ့​တော့ ထွက်​လာခဲ့ပါ...wangသခင်​​လေး...."

ပါးစပ်​ကလည်း ငယ်​သံ​ရော ကြီးသံပါ ပါ​အောင်​​အော်​ တစ်​ခန်းလုံးကိုလည်း ကုတင်​​အောက်​ကအစ ယုတ်​စွအဆုံး အူးယားဖားယားနဲ့မဖြစ်​နိုင်​တဲ့​နေရာ​တွေမှာပါ အပူတပြင်းလို​က်​ရှာပြီးသည့်​​နောက်​တွင်​  အရုပ်​ကြိုးပျက်​သလို​နေရာမှာတင်​ပုံခနဲထိုင်​ချမိလိုက်​​တော့တယ်​။

Just a moment Where stories live. Discover now