Ep-2

2.4K 201 49
                                    

" ​ရော့ "

အ​ရှေ့ကိုကျလာတဲ့ အဝတ်​ပုံသုံးပုံ​ကိုကြည့်​ပြီး xiao Zhan ​မေးလိုက်​တယ်​။

" ဒါ..ဘာလုပ်​ရမှာပါလဲ သခင်​...အဲ wang gege "

" ဘာလုပ်​ရမလဲ အဝတ်​ဆိုမှ​တော့ ​လျှော်​ရမှာ​ပေါ့ သွား အဝတ်​သွား​လျှော်​ချည်​ အဲ... ငါခွဲ​ပေးထားတဲ့အပုံ​တွေအတိုင်း​လျှော်​​နော်​ မ​ရောနဲ့ "

ကြည်​လင်​​နေတဲ့ xiao zhanရဲ့ မျက်​နှာ​လေးချက်​ချင်းမည်းတက်​သွားတယ်​။

ဘာ!!!!! ငါက ဒီလက်​​တောက်​​လောက်​​လေးရဲ့အဝတ်​​တွေကို​လျှော်​​ပေးရမယ်​ ???

နေစမ်းပါအုံး ငါကက​လေးထိန်းလား!!!

အလိုလိုမှ​ဒေါသထွက်​ရတဲ့အထဲ သုံးပုံ​မြောက်​ကအထည်​​တွေကိုကြည့်​ပြီး xiao zhan ဒီ​လောကကြီးထဲမှာ အသက်​ဆက်​မရှင်​ချင်​​တော့ဘူး။

အတွင်းခံ​တွေတဲ့အရပ်​ကတို့​ရေ!!!!! ငရဲမှာဆီအ​ကြော်​ခံရရင်​​တောင်​ မ​ကောင်းတဲ့ဆီ​တွေနဲ့အ​ကြော်​ခံရမယ့်​​ကောင်​ !!!

မင်းသာငရဲကျကြည့်​ ငါငရဲပြည်​ကို စားအုန်းဆီ​တွေချည်း မင်းအတွက်​သီးသန့်​exportတင်​ပစ်​အုံးမယ်​​သောက်​က​လေး#!$¿*€

" ဘာရပ်​လုပ်​​နေတာလဲ သွားမ​လျှော်​​သေးဘူးလား စက်​နဲ့​လျှော်​မယ်​မကြံနဲ့​နော်​ ငါ့အဝတ်​​တွေပျက်​စီးသွားမယ်​ "

Sofer ​ပေါ်မှာ ​ပေါက်​​ပေါက်​ထိုင်​စား​နေတဲ့ yiboက အခန့်​သား​လေးပဲ​ပြောလိုက်​တယ်​။ Papa ကို အရမ်း​တွေ​ကျေးဇူးတင်​မိ​နေတာ ဒီစက်​ရုပ်​ရှိ​နေတာ သူ့​ဝေယျာ​ဝေစ္စ​တွေကို ကိုယ်​တိုင်​လုပ်​စရာမလို​တော့လို့, လူမဟုတ်တဲ့အတွက်ေ​ကြာင့် ​​နားငြီးလည်းသက်သာတယ်။ ​​​​အား.......​ကောင်းလိုက်​တာ.......

Xiao zhan, sofer​ပေါ်မှာဇိမ်​​လေးနဲ့ထိုင်​​နေတဲ့ ​သောက်​က​လေးကို မျက်​​စောင်းထိုးကြည့်​လိုက်​ပြီး အဝတ်​ပုံ​တွေကိုမကာ ​ရေချိုးခန်းထဲကို​ ဘောက်​ဆတ်​​ဘောက်​ဆတ်​နဲ့​လျှောက်​သွားလိုက်​တယ်​။

အိမ်​မှာ​တောင်​ အဝတ်​​တွေကိုစက်​နဲ့ပဲ​လျှော်​ခဲ့တာ...​ယောင်္ကျား​လေးတစ်​​ယောက်​ဖြစ်​​သော်​ငြား အဝတ်​​လျှော်​ ဟင်းချက်​ အိမ်​သန့်​ရှင်း​ရေး အကုန်​လုပ်​တတ်​​သော်လည်း အလုပ်​ကပြန်​​ရောက်​တာနဲ့ လူကဗုန်းဗုန်းလဲ​နေတာ​ကြောင့်​ အဝတ်​​လျှော်​စက်​ကိုသာသုံးဖြစ်​သည်​။

Just a moment Where stories live. Discover now