Ep- 3

1.4K 128 28
                                    

Unicode

ညအိပ်ချိန်ရောက်တာမို့ xiao zhan တစ်အိမ်လုံးရဲ့ပြတင်းပေါက်တွေနဲ့ မီးတွေပိတ်မပိတ်လိုက်စစ်လိုက်တယ်။ အိမ်မှာနေကတည်းကအကျင့်ကိုဖြစ်နေတာမို့ ဒီအတိုင်းအိပ်လိုက်ရင်လုံခြုံမှုမရှိဘူးလို့ခံစားနေရသည်။

နောက်ဆုံးဧည့်ခန်းကမီးကိုပိတ်ပြီးတဲ့နောက်မှာ ကောင်လေးအခန်းထဲကနေအသံအကျယ်ကြီးထွက်လာတာ သူပါအစိုးရိမ်လွန်ပြီး ကောင်လေးအခန်းရှေ့ကိုပြေးသွားမိတဲ့အထိပဲ။

" မပိတ်နဲ့!  ပြန်ဖွင့် ခုချက်ချင်းပြန်ဖွင့်! "

ကောင်လေးမျက်နှာတစ်ခုလုံးရေချိုးထားတဲ့အတိုင်းပဲချွေးတွေနဲ့ရွှဲရွှဲစိုနေတယ်။ Xiao zhan ရောက်သွားတော့ ကုတင်ပေါ်မှာဖက်လုံးကြီးပိုက်ပြီးမျက်စိစုံမှိတ်ကာအသဲအသန်အော်ဟစ်နေတဲ့ wang yibo။

ဒီအရွယ်ပဲရောက်နေပြီ အမှောင်ကိုကြောက်နေတုန်းလား ဒါမှမဟုတ် တမင်သက်သက်ငါ့ကိုရန်လာစနေတာလား..

" မီးတွေအကုန်ပြန်ဖွင့်လို့ပြောနေတာမကြားဘူးလား! မင်းနားကန်းနေတာလား! "

မျက်လုံးမှိတ်နားပိတ်ပြီးအသံကုန်အော်ဟစ်လိုက်တာကြောင့် wang yiboရဲ့အပြုအမူကနည်းနည်းရိုင်းသွားခဲ့တယ်။ xiao zhanထောင်းခနဲဒေါသထွက်လာတာမပြောနဲ့ အခြားတစ်ယောက်ဆိုနားရင်းပါထအုပ်မလားဘဲ။

အမြင်ကတ်ကတ်နဲ့တစ်အိမ်လုံးကမီးတွေကိုလိုက်ဖွင့်ပေးလိုက်ပြီး နေ့လည်ကကောင်ငယ်လေးပေးထားတဲ့ xiao zhanရဲ့ကိုယ်ပိုင်အခန်းလေးထဲဆောင့်အောင့်ပြီးဝင်သွားလိုက်တယ်။

ဘယ့်နှယ့် ငါကဘာအမှားလုပ်ထားတာရှိလို့ အဲ့ဒီလိုကလေးပေါက်စဆီကအော်တာခံရမှာလဲ!!

ဘယ်လိုပဲစိတ်ကဆောင်နေပေမဲ့ တစ်နေကုန်အဝတ်လျှော် ဟင်းချက် မီးဖိုချောင်သန့်ရှင်းရေး တစ်ခုပြီးတစ်ခုဆက်တိုက်လုပ်ထားရတာမို့ မျက်ခွံတို့ကတစ်ဖြည်းဖြည်းပိတ်စပြုလို့လာနေပြီ။

အခန်းတံခါးကိုlockချပြီး xiao zhanကုတင်ပေါ်တက်လိုက်တယ်။

ဒီနေ့အဖို့သူအရမ်းပင်ပန်းနေပြီ။

You've reached the end of published parts.

⏰ Last updated: Nov 05, 2019 ⏰

Add this story to your Library to get notified about new parts!

Just a moment Where stories live. Discover now