ကျနော်က အတ္တကြီးတဲ့သူမဟုတ်ပေမဲ့
သူနဲ့ကြမှ ကျနော်အတ္တကြီးမိခဲ့တယ်
ဒီအတ္တကြီးမှုက တစ်ဘဝလုံးအတွက် နောင်တအရဆုံးဖြစ်ခဲ့တယ်။ကျနော်ချစ်တဲ့သူနဲ့ မခွဲချင်ခဲ့ဘူး။
🚨🚨🚨🚨🚨🚨🚨🚨
သူ့နာမည်က ဝမ်ရီပေါ်တဲ့ " wang construction "ဆိုတဲ့ company က CEOရဲ့ သားဆိုတာ သိခဲ့ရတယ် ။
သူက နောင်တချိန်ကျ ဒီ Companyကို ဦးဆောင်မဲ့သူလေးလေ ။ မိဘ စကားကို တသွေးမတိမ်းနားထောင်တတ်တဲ့ သားလိမ်မာလေး။ကျနော်သူ့ကို ကျောင်းမှာ အမှတ်မထင်တွေ့ပြီး
သဘောကျခဲ့မိတာ ။ သူကလေ အရမ်းချေတာ
ရုပ်က အရမ်းချောတဲ့အထဲ မပါတာတောင် ကျနော်ကတော့ သူမှသူ ဖြစ်နေခဲ့တာ သူငယ်ချင်းတွေတောင် ကျနော့်ရဲ့ ရောဂါ ရင့်နေတာကို လက်ဖျားခါကြတယ်။ဒါပေမဲ့ ကျနော့်အတွက် အခွင့်အရေးမရှိတော့ဘူးလို့ သိလိုက်ရတယ်။ သူမှာ သူအရမ်းချစ်တဲ့ ကောင်မလေး ရှိနေခဲ့တယ် ။ ကျနော် ဒါကိုလက်မခံနိုင်ခဲ့ဘူး ။
ဒါကြောင့် ကျနော် ဆုံးဖြတ်ချက်ချခဲ့တယ် ။
ကျနော့်ဘဝမှာ မိဘတွေကို ဘာမှမတောင်းဆိုခဲ့ဖူးဘူး။
ကျနော်တို့က တရုတ်ပြည်ရဲ့ အချမ်းသာဆုံး စာရင်ဝင်တဲ့ company တွေထဲကတခုဖြစ်တဲ့ " Xiao Bang " ဆိုတဲ့ Conpanyက ကျနော်တို့ရဲ့ Companyပဲ ။ Company ငယ်လေးတွေ တော်တော်များများကို Shareတွေ အများဆုံးထည့်ထားတဲ့ Companyပဲ ။"wang family" ဆိုတဲ့ Company လေးမှာလည်း
Share 80% လောက် ပါထားတယ်။ဒါက ကျနော့်အတွက် အခွင့်ရေးဆိုတာ သိသွားတယ်။
ကျနော့်မိဘတွေကို ကျနော် Wang Yiboကို လက်ထပ်ချင်တယ်ဆိုတဲ့ အကြောင်းပြောခဲ့တယ် ။အဖေရော အမေရော အံသြခဲ့ရပေမဲ့ ကျနော့်လို သားလေး ရောဂါသည်ပေါ့ဗျာ စိတ်ချမ်းသာဖို့ လိုက်လျောခဲ့တယ်။
ဟုတ်ပါတယ် ကျနော့်မှာ ရောဂါရှိနေခဲ့တယ်
မွေးကတည်းက နှလုံးရောဂါရှိတာကို ကျနော် သူငယ်ချင်းတချို့နဲ့ မိဘတွေကလွဲလို့မသိခဲ့ပါဘူး။ကျနော်ရဲ့ ဆန္ဒကို မိဘတွေက လိုက်လျောပြီး
"Wang Family "ကို ကမ်းလှမ်းခဲ့တယ် ။
နောက်တနေ့ သူကျနော်ကို လာရှာခဲ့တယ်