Part 3

284 35 7
                                    

ZawGyi

ရိပေါ်တယောက် မင်္ဂလာပွဲပြီးကတည်းက ဟောက်ရွှမ်းအိမ်မှာ လာတောင်တင်နေတာ တပတ်တောင်ရှိသွားပြီ ။ ကျောင်းလည်း သွားချင်စိတ်မရှိသလို ဟိုအိမ်ကိုလည်း မပြန်ချင်။

ဟောက်ရွှမ်းက ငယ်ငယ်ကတည်းက ပေါင်းလာပေမဲ့ အလယ်တန်းနှစ်လောက်မှာ သူ့မိဘတွေက နိုင်ငံခြားကို ရွေ့သွားတဲ့အတွက် သူပါ နိုင်ငံခြားမှာ ကျောင်းတက်ပြီး အခု တရုတ်ကို ခနပြန်လာနေခြင်း။

ဟောက်ရွှမ်းက မင်္ဂလာဦးညက အဖြစ်အပျက်နဲ့ပတ်သက်ပြီး ရိပေါ်ကို မထိုးရုံတမယ် ဆဲဆိုနေသေးတာ။ အလိုမတူပဲ အတင်းအဓမ္မလုပ်ရတာ ရိပေါ်ရဲ့ စတိုင် မဟုတ်ပေမဲ့ အရက်ကြောင့်ရော စိတ်လွတ်သွားတာရောကြောင့် ရှောင်းကျန့်အပေါ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ မိခဲ့တာ ။
ဘယ်လိုပဲပြောပြော ရှောင်းကျန့်ကိုတော့ အားနာမိတယ်။

ဒီနေ့တော့ ကျောင်းလည်းပြန်တက်ဖို့ စိတ်ကူးရှိတာကြောင့် ရှောင်းကျန့်ရဲ့ အိမ်ကို ခနတော့ ဝင်ရအုန်းမှာပဲ ။

အိမ်ကို ရောက်တော့ ရှောင်းကျန့်က ကျောင်သွားဖို့ပြင်နေတယ် ။ သူ့ကိုမြင်တော့ မျက်နှာက ချက်ချင်းပဲ ပြုံးရွှင်လာရော။

"ရိပေါ် ကျောင်းသွားမှာမလား ငါနဲ့အတူတူ သွားရအောင် "

"ငါ မင်းနဲ့ မသွားနိုင်ဘူး ကိုယ်ဘာကိုယ်ပဲသွား"

"ဟာ မင်းကလည်း ငါက မင်းနဲ့သွားချင်လို့ကို "

"ငါက ဆိုင်ကယ်နဲ့သွားမှာ"

"ဟီး ပိုကောင်းတာပေါ့ ငါတခါမှ ဆိုင်ကယ်မစီးဖူးဖူး "

ရိပေါ် မကောင်းတတ်လို့ ပြောလိုက်ပေမဲ့ သူဆိုင်ကယ် မစီးဖူးတဲ့ အကြောင်းကို ပြောလာတဲ့ ရှောင်းကျန့်က တကယ်ချစ်ဖို့ကောင်းတယ်ဆိုတာတော့ ဝန်ခံပါတယ် ။

"အင်း အဲ့ဆို ခနစောင့် ငါရေချိုးလိုက်အုန်းမယ် "

"ဟုတ် "

ရိပေါ်ရေချိုးပြီး ထွက်လာတော့ အခန်းထဲမှာ ရှောင်းကျန့်ရှိမနေ ယူစရာ ရှိတာ ယူပြီး အောက်ဆင်လါတော့ ဧည့်ခန်းမှာ ရှောင်းကျန့်ကိုသူ့ပါးနဲ့မားနဲ့အတူ တွေ့လိုက်ရတယ်။

You've reached the end of published parts.

⏰ Last updated: Mar 24, 2020 ⏰

Add this story to your Library to get notified about new parts!

In The End Where stories live. Discover now