ရှောင်းကျန့် တပတ်လောက်ကျောင်းမသွားနိုင်ခဲ့ပါ။
သူချစ်ရတဲ့သူကိုလည်း အရမ်းတွေ့ချင်နေပေမဲ့
ခန္ဒာကိုယ်က မလိုက်ရောခဲ့။ မားကလည်းကျောင်းကို လူယုံတော်တွေ ထည့်ပေးမယ် တဂဲဂဲမို့ တော်ရုံနားချလိုက်ရတယ်။ဒီနေ့တော့ ရှောင်းကျန့် ကျောင်းစောစောသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီနေ့ ကျနော်ချစ်ရတဲ့သူ ကျနော့်ကို လာရှာမယ်ဆိုတာ သိပြီးသားလေ။
ကျနော် သူ့ကို အမြန်လက်ထပ်ချင်လို့ နောက်တပတ် စနေကို လက်ထပ်ပွဲ ကျင်းပမည်ဖြစ်သည်။ကျနော် ကျောင်းစောစောလာခဲ့ပေမဲ့ ကျနော့်ထက် စောတဲ့ ကျနော့်ရဲ့ သူငယ်ချင်းကြီး ကျန်းချန်က အရင်ရောက်နှင့်နေတယ် ။ သူမှာလည်း သူ့အကြောင်းနဲ့သူ ကျောင်းသားခေါင်းဆောင် အကိုကြီးရှီးချန်းနဲ့ သူနဲ့ကဘာလိုလိုပင်ဖြစ်သည်။
နှစ်ယောက်လုံးက တယောက်နဲ့ တယောက်စိတ်ဝင်စားပေမဲ့ ဖွင့်မပြောကြပေ။ အခုလည်း အကိုရှီချန်းက ကျောင်းကိစ္စလေးတွေ ရှိလို့ စောလာရတာကို သူပါ စောပြီးရောက်နေတာဖြစ်မယ်။ကျနော် သူတို့အတွဲကို အရမ်းအားကျတယ်။ ကျနော်ချစ်တဲ့သူနဲ့လည်း အခုလိုလေး အေးအေးချမ်းချမ်းနေချင်မိတယ်။ မဖြစ်နိုင်ပေမဲ့လည်းပေါ့။
ကျနော် အတန်းထဲမှာ ကျန်ချန်းနဲ့ စကားပြောနေတုန်း တခြားကျောင်းသားတွေပါ ရောက်လာကြတယ်။ ဆရာလည်းမလာသေးတာကြောင့် ဟိုဟိုဒီဒီပြောနေတုန်း ရုတ်တရက် ကျနော့်အကျီ ကော်လံကို လာဆွဲတဲ့သူ။
မျက်နှာက အရမ်းနီနေပြီးဒေါသ အရမ်းထွက်နေတဲ့ပုံပင်
"မင်း အခြောက်ကောင် အခု မင်းဘယ်လိုတွေလုပ်နေတာလည်းဟမ် "
"လက်ထပ်ပွဲ ကိစ္စကိုလား"
ကျန်းချန်က စိုးရိမ်တကြီး သူ့လက်ကနေ လွတ်အောင်လုပ်ပေးနေရင်းမှ ကျနော့်ပြောလိုက်တဲ့ စကားကြောင့် ကျနော့်ကို ကြည့်လာတယ်။
ကျနော်ချစ်ရတဲ့သူကတော့ ကျနော့်စကားကြောင့်
အကျီကို တင်းတင်းကျပ်ကျပ်ဆွဲလိုက်တယ်။အတန်းထဲက သူတွေလည်း ကျနော်တို့ကို အံသြတကြီး ကြည့်နေကြတယ်။