လန်ကျန့်
ဒီသစ်ပင်ကလေ
ငါ ပဒုမ္မာတံခွန်သာကို စရောက်တဲ့ ညမှာ တက်ခဲ့တဲ့ သစ်ပင်… သိလားဒါ အဲဒီတုန်းက ငါထိုင်ခဲ့တဲ့ သစ်ကိုင်းပဲ ဖြစ်မယ်
ဒီအကိုင်းပဲ
ကြည့်ကြည့် လန်ကျန့်ခုသစ်ပင်က ပိုမြင့်လာပေမဲ့ ငါလည်း အရပ်ပိုမြင့်လာတယ် ဆိုတော့ မသိသာဘူး မလား
လန်ကျန့်
ငါပြောပြမယ်
အဲဒီတုန်းက ဆရာတူအစ်မက သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ငါ့ကို ဖမ်းပေးခဲ့တာ သိလားစဉ်းစားကြည့်
ဟိုးအမြင့်ကနေ အောက်ဆုံးကို အရှိန်နဲ့ ပြုတ်ကျတဲ့အခါတိုင်း အသည်းခိုက်အောင် နာကျင်ကြရတယ် မဟုတ်လားငါအကြိမ်ကြိမ်ပြုတ်ကျခဲ့ပြီ လန်ကျန့်
ငါ့ကို ဖမ်းပေးခဲ့တဲ့သူတွေလည်း ငါ့ကြောင့်ပဲ တမလွန်ကို သွားခဲ့ကြရပြီ
ဆရာတူအစ်မ
ဝမ်ချင်
ဝမ်နင်
အဲ
ဝမ်နင်ကတော့ ငါ့ဘေးမှာ ပုံစံတစ်မျိုးနဲ့ ရှိနေသေးပေမဲ့ပေါ့ငါ နာကျင်ရတာကို ခံနိုင်ရည် ရှိနေပါပြီ
ပြုတ်ကျခဲ့တဲ့အခါတိုင်းလည်း အသည်းခိုက်အောင် နာကျင်နေခဲ့ရသေးပေမဲ့ပေါ့ဒီတစ်ခါဆိုရင်ရော
ဘယ်သူငါ့ကို ဖမ်းထားပေးမှာလဲ
လန်ကျန့်
မင်းပဲ ဖြစ်မလား
ငါမင်းကို နာကျင်စေမိမှာလားမင်းသာ ငါ့ကို တစ်ခါလောက် ဖမ်းထားပေးမယ်ဆိုရင်လေ…
ငါလေ…ငါ
ငါ နောက်ထပ် ဘယ်နှစ်ခါပဲ နာကျင်ရပါလေ့စေ
မင်းသာ ရှိနေမယ်ဆိုရင်လေ………လန်ကျန့်
မင်းငါ့ကို ဖမ်းပေးထားတယ်လား ?!
YOU ARE READING
Wei Wuxian's feelings
Любовные романыအရာအားလုံးကို စွန့်လွှတ်ပြီး သေခြင်းကို ရွေးချယ်ခဲ့မိပြီ ငါပြန်နိုးထလာမယ်လို့ မထင်ပေမဲ့ ငါ့မျက်လုံးတွေ ဖွင့်ကြည့်ဖို့ အခွင့်အရေး ထပ်ရလာမယ့်အခါ လန်ကျန့် . . . . မင်းရှိနေမှာလား ?