LOVE: a sincere and simple feeling

996 57 3
                                    

လန်ကျန့်
ငါ လောဘကြီးနေမိပြီလား
မင်းကို ချစ်နေမိပြီလား
ပိုင်ဆိုင်ချင်နေမိပြီလား

လန်ဂိုဏ်းချုပ်ပြောသမျှဟာ အမှန်တွေပဲလား လန်ကျန့်
ဒီလိုရှည်ကြာခဲ့တဲ့ တစ်ဆယ့်သုံးနှစ်တာ ကာလမှာ မင်းစောင့်ဆိုင်းနေခဲ့တဲ့ တစ်ဦးတည်းသော ချစ်ရသူဟာ ငါတဲ့လား လန်ကျန့်

ငါမမှတ်မိတဲ့ ငါ့ရဲ့အတိတ်တွေမှာ ငါ့ကို ကယ်တင်ခဲ့တဲ့သူဟာ မင်းတဲ့လား
ငါ့ကို ထွေးပွေ့ခဲ့တဲ့ မင်းရဲ့လက်တွေကို ငါက ဖြုတ်ချခဲ့မိတာတဲ့လား

တောင်းပန်ပါတယ်
ငါ တကယ် ဘာမှမမှတ်မိခဲ့ဘူး
ငါ မင်းကို စနောက်ခဲ့မိတယ်
မင်းရဲ့ မေတ္တာကို လျစ်လျူရှုခဲ့မိတယ်
ငါ ဘယ်လို ပြန်ပေးဆပ်ရပါ့

ဒီတစ်ခါတော့ မင်းက ထွက်သွားလို့ ပြောလာရင်တောင် မင်းရဲ့ လက်ကို မလွှတ်တမ်း ဆုပ်ထားပါ့မယ်
မင်းက ငါ့ကို ထားသွားရင်တောင် မိုးမြေအဆုံး လိုက်လို့ရှာပါ့မယ်
ငါမမြင်ခဲ့တဲ့ မင်းရဲ့ အချစ်တွေအတွက် အရာရာ ပြန်ပေးဆပ်ပါရစေလား

လွှတ်ချခဲ့မိတဲ့ လက်တွေကို ပြန်ဆုပ်ကိုင်ခွင့်ရချင်သေးတယ်
မင်းကြက်တွေခိုးတုန်းက ပြောခဲ့သလို " အရာအားလုံး မင်းကိုပေးမယ်"
မကာကွယ်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို အပြစ်တွေ မတင်ပါနဲ့
အခုကနေစလို့ နောက်ဆုံးထွက်သက်ထိ အနားမှာ ရှိနေပေးပါ့မယ်

ငါ မင်းကို ချစ်တယ်

လန်ကျန့်

ငါမင်းနဲ့အတူ အိပ်ချင်ခဲ့တာ လန်ကျန့်
ချစ်တယ်
ငါ့ရဲ့ လန်ကျန့်

Wei Wuxian's feelingsWhere stories live. Discover now