ထိုနေ့မှစ၍ နောက်ထပ်ရွှေရောင် နေ့ရက်ပေါင်းများစွာတိုင် လင်းရယ် မိုးရယ် တွယ်တာတို့ သုံးယောက်သား တက္ကသိုလ်တစ်ခွင်ဝယ် အင်မတန်ကို အတွဲညီခဲ့ကြတယ်။အမှန်တိုင်း ဝန်ခံရရင် သုံးယောက်ပေါင်း ကမျင်းကြောထခဲ့တယ်ပေါ့။
မိုး သည်လည်း သေသေချာချာ ပေါင်းကြည့်မှ အေးအေးဆေးဆေး နေတတ်သူမဟုတ်မှန်း သိလာခဲ့ရတယ်။ တွယ်တာ ကလဲ
ဘယ်နေရာ ဘယ်အချိန်မှာမဆို လင်းတို့ကို ပျော်အောင်လုပ်ပေးနိုင်တဲ့ မိန်းကလေးဆိုတော့
အဲ့ဒီလိုမျိုး စပ်စလူးစိန် နှစ်ယောက်ကိုပေါင်းပေးမိ
ခြင်းမှာ လင်းကိုလင်း အူတက်အောင်လုပ်မိလေခြင်းလား ဟူ၍ပင်
လင်းတွေးခဲ့မိသေးသည်။ မိုးသည် တက်တက်ကြွကြွရှိပြီး သူတစ်ပါးအပေါ် စေသနာ
ထားတတ်သူပင် ။သို့သော် လင်းကိုသာ သူက မစာနာ ပေ။ လင်းက ကျောင်းစဖွင့်တဲ့နေ့ကစ နောက် ၂လအကြာမှာ ကိုယ့်စိတ်ရင်းအမှန်ကိုသိခဲ့ရပြီး မိတွယ်တာရဲ့
အားပေးအားမြှောက်မှုနဲ့ မိုး အား မရဲတရဲနဲ့ပင် ဖွင့်ပြောခဲ့တယ်။ မိန်းကလေးကျောင်း တက်ခဲ့သူဖြစ်သော မိုးသည် အဲ့ဒီ ဖွင့်ပြောခြင်း ဟူသော ကိစ္စကို အေးအေးဆေးဆေးပင်"မိုးကို တစ်ကယ်ချစ်ရင် လင်းက မိုးအဖြေပေးတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပေါ့" ဆိုသော စကားလေး တစ်ခွန်းသာပြန်ရခဲ့တယ်။
ပေးသောအဖြေမှာ လက်ခံတာလဲမဟုတ်
ငြင်းတာလဲမဟုတ်ပြန်။
ကိုယ့်ခမျာ မိန်းကလေးတန်မဲ့ မရှိရှိမဲ့ သတ္တိလေးနဲ့
ပြောလိုက်ရတာ သူကတော့ ပေါ့ပျက်ပျက်
သဘောမျိုးနဲ့ ပြန်ဖြေခဲ့လို့ လင်းကသူ့ကိုနှစ်ရက်ကြီးများတောင် စကားမပြောဘဲ စိတ်ကောက်ခဲ့ဖူးတယ် သူများလာချော့မယ်အမှတ်နဲ့ပေါ့ နောက်တော့လည်း အဲ့ဒီ ရေခဲအသဲပိုင်ရှင်လေး ကို ကိုယ်ကပဲ စလွမ်းလာလို့ ကိုယ့်ရဲ့စိတ်ကောက်ခြင်းအနုပညာကို မသိကျေးကျွန်ပြုရင်း ကိုယ်ကပဲစခေါ်ခဲ့ရတယ်။
ဒါတောင်သူ့ကို ၂ရက်တောင်စကားမပြောခဲ့လို့ ဆိုပြီး စိတ်ကကောက်ချင်သေးတာ။
တော်ပါဒီလိုနဲ့ ပထမနှစ်စာမေးပွဲ အပြီး
တွယ်တာရဲ့အဆွယ်ကောင်းမှုကြောင့် လင်းတို့အိမ်မှာ သွားကမျင်းကြမယ် ဆိုသောအစီအစဉ်ပေါ်လာ ခဲ့တယ်။ မေမေ ကလဲ သဘောတူတဲ့အတွက် လင်းအိမ်မှာ နှစ်ယောက်သား သောင်လာတင်ခဲ့ကြတယ် ဆိုပါတော့။ လင်းအတွက်ကတော့ ငြင်းစရာ မရှိတဲ့ အစီအစဉ်ပေါ့လေ။
ဒီကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးမှာ လင်းကတော့ မိုးဆီကအဖြေမရမက တောင်းမယ်လို့ တွေးထားခဲ့တယ်။
တစ်ကယ်လဲ အဖြေရခဲ့တယ်လေ။
လင်း စောင်ဆိုင်းခဲ့တဲ့တစ်နှစ်ဆိုသော အချိန်မှာ အလကားသက်သက် ကုန်းဆုံးမသွားခဲ့ ။မိုးထံမှ ချစ်တယ် ဟူသောအဖြေနဲ့ သူဘာကြောင့် တစ်နှစ်နေမှအဖြေပေးခဲ့တာလဲဆိုတာသိခဲ့တယ်။