1.My f**king illness

4.1K 150 6
                                    

Xiao Zhan မျက်လုံးစစချင်းဖွင့်လာတော့ အရာအားလုံးက မှုန်ဝါးနေသည် Xiao Zhan လက်များကိုအားစိုက်ပြီး ခန္ဓာကိုယ်ကို သယ်ဆောင်လိုက်ပေမယ့် ခေါင်းက ချက်ချင်းမူးသွားသည် ခေါင်းကိုလက်နဲ့ဖိလိုက်ပြီး စားပွဲခုံပေါ်က ဆေးဗူးကို လှမ်းယူလိုက်သည် ရေခရားထဲမှ ရေကိုရေခွက်ထဲဖြည့်ကာ ဆေးကို ပါးစပ်ထဲပစ်သွက်လိုက်ပြီး ရေနှင့်အတူ မျိုချလိုက်သည်

"အဟွတ် အဟွတ်"

သေချာသွားပြီ Xiao Zhan သူဖျားနေပြီ မနေ့ညက အလုပ်လုပ်ရင်း ပင်ပန်းသွားတာကြောင့် ပုံမှန်သောက်နေကြဆေးသောက်ဖို့ မေ့သွားသည့်အပြင် ခုံပေါ်မှာပင် ပြတင်းပေါက်ဖွင့်ထားပြီး အိပ်မိခြင်းသာ

Xiao Zhan ရေချိုးခန်းထဲဝင်ပြီး ပူကျပ်နေသောမျက်နှာကို ရေအေးအေးလေးတွေနှင့် သစ်လိုက်သည် အနည်းငယ်လန်းဆန်းလာသလိုရှိသွားမှ သွားတိုက်ပြီး ရေပါချိုးလိုက်သည် ဆေးခန်းကိုသွားရန် စိတ်ထဲလောနေတာနှင့်အတူ မနက်စာမစားဘဲ အပြင်သို့ ထွက်လာခဲ့သည်

နေရောင်ခြည်ဟာ ထိန်ထိန်လင်းလင်းတောက်ပနေပြီး လူအများ ဖြတ်သန်းသွားလာနေကြသည် Xiao Zhan လမ်းကူးရန် မီးနီကိုစောင့်နေလိုက်တယ် မီးနီပြောင်းသွားတော့ Xiao Zhan လမ်းကူးလာခဲ့ပါတယ် ဆေးခန်းကို မြန်မြန်ပင်ရောက်ရှိသွားပါတယ် ဆေးခန်းတံခါးကို ဖွင့်လိုက်တော့ ခွေးကလေးတစ်ကောင်ဟာ Xiao Zhan ကိုအပြေးလေးဖြင့် အမြီးနှံကာ နှုတ်ဆက်ပါတယ် Xiao Zhan ဒူးထောက်လိုက်ပြီး ခွေးကလေးကို ပွတ်သတ်ပေးလိုက်တယ် Xiao Zhan ပြင်တင်စရာရှိတာ ပြင်ဆင်ပြီး မနက်ကိုးနာရီမှာ ဆေးခန်းစဖွင့်ပါတယ်

လူအများအပြား သူတို့ရဲ့ချစ်စရာအဖော်လေးတွေကို လာပြကြပါတယ် Xiao Zhan ဆေးခန်းကို မိန်းကလေးအများစုက လာကြပါတယ် Xiao Zhan ရဲ့ချောမောမှုကို လာကြည့်ကြပြီး သူနဲ့နီးစပ်ရန် အတင်းကပ်နေကြတယ် Xiao Zhan မှာတော့ ပြုံးပြုံးလေးနှင့်ပင်

Xiao Zhan သူ့ရဲ့လက်ထောက်မိန်းကလေး Yang Li xing မရောက်သေးတာကြောင့် ဖုန်းခေါ်ကြည့်လိုက်သည် အတန်ကြာမှတစ်ဖက်လူက ဖုန်းကိုင်လာပါတယ်

"Wei"

"Li xing အဆင်ပြေရဲ့လား ဒီနေ့ဆေးခန်းလည်းမလာဘူး"

Rabbit's Heart(Yizhan)Where stories live. Discover now