Jimin's point of view
" မိန်းမဖြစ်ရတာ ကလည်း မသက်သာပါဘူး ဂျီမင်းစံရယ် "
ညနေခင်းတစ်ခုဖြစ်သည်။အလွန်ချောမောလွန်း တဲ့ အဲရီးကိုးဟာ အလုပ်မသွားခင် ဝရန်တာပေါ် ကသူမပြုစုထားတဲ့ ပန်းပင်တွေကို ရေလောင်းနေလေတယ်။
" ဗျာ? "
ကျနော် ဖက်လက်စ မဂ္ဂဇင်းကနေ မျက်နှာကို ခွာလိုက်ပြီး သူမစကားကို တုန့်ပြန် လိုက်သည်။
" ဂျီမင်းစံကိုတော့ အန်တီယုံတယ် အဲ့ဒါကြောင့်မို့လို့ပဲ အန်တီရဲ့ ခံစားချက်တွေကို ရင်ဖွင့်ချင်မိတယ် ဂျောင်ကုကို ရင်မှာပိုက်ပြီး ပြုစုလာတဲ့အချိန်ကျမှပဲ လူတွေရဲ့သဘော
သဘာဝ အကျင့်စရိုက်တွေကို ပိုပြီးနားလည် လာတယ် ဒုက္ခတွေလည်းကြုံလိုက်တာမှ ဒုနဲ့ဒေးပဲ..အန်တီ့အမြင်လေ လူဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်ရင် တစ်ခုခုကို ပျိုးထောင်ကြည့်သင့်တယ် ကလေးတစ်ယောက်ကိုပဲ ဖြစ်ဖြစ် ပန်းပင်တစ်ပင်ပဲ ဖြစ်ဖြစ်ပေါ့ အဲ့လိုအချိန်ကျမှ လူဟာ ကိုယ့်အတိုင်းအတာကို နားလည်လာတယ် လူ့ဘဝဆိုတာ အဲ့အချိန်မှာ စတော့တာပဲ "အန်တီက ဓမ္မတေးရွတ်ဆိုနေသလိုမျိုး သူ့ရဲ့ အဘိဓမ္မာကို ရှင်းပြနေတော့တယ်။
" ဟုတ်တယ်နော် လူ့ဘဝဆိုတာ အခက်အခဲတွေ နဲ့ပြည့်နေတာပဲ "
ကျနော်လည်း ဝင်ပြီးထောက်ခံလိုက်တယ်။
" ဒါပေါ့ကွယ် ဒါပေမယ့်လို့ လူတွေဟာ ကိုယ့်ကိုကိုယ် အမှန်ကန်ဆုံး ပြန်မြင်တတ်ပြီး သုံးသပ်နိုင်ပြီဆိုရင်တော့ တကယ့်ပျော်ရွှင်ချမ်းမြေ့မှုနဲ့ နေရမှာပဲ အန်တီ ကတော့ကံကောင်းတာပဲ တစ်ခါမှလည်း စိတ်ဓာတ်ကျတာရယ်လို့ မရှိခဲ့ဘူး "
သူမကဆက်ပြောပြတယ်။သူမပခုံးပေါ်မှာ ဝေ့ဝဲနေတဲ့ ဆံစလေးတွေဟာ လေနဲ့အတူ ယိမ်းနွဲ့နေကြလေရဲ့။သူမဟာ ဆည်းဆာဖျော့တဲ့ နေရောင်ခြည်အောက်မှာ သွယ်ပြောင်းလှတဲ့ လက်ကလေးတွေနဲ့ ပန်းပင်တစ်ပင်ခြင်း စိတ်ရှည်လက်ရှည် ရေလောင်းနေတယ်။ကြည်လင်နေတဲ့ ရေပန်းကလေးတွေအနီးတစ်
ဝိုက်မှာတော့ သက်တန့်လို အဝိုင်းကလေးတွေ ပေါ်ထွန်းလာလေရဲ့။
YOU ARE READING
The Kitchen[completed]
Fanfictionကျနော် ဒီလောကကြီးထဲမှာ အနှစ်သက်ဆုံးနေရာ ဆိုရင်တော့ မီးဖိုချောင်ပါပဲ။ - Sakurai Jimin Jikook/Kookmin ကျနော် ဒီလောကကြီးထဲမှာ အနှစ်သက်ဆုံးနေရာ ဆိုရင်တော့ မီးဖိုချောင်ပါပဲ။ - Sakurai Jimin Jikook/Kookmin