[Zawgyi]
Jimin's point of view
ကျနော် ဂျောင်ကု ပြန်အလာကိုစောင့်ရင်း အိမ်သန့်ရှင်းရေးနဲ့ မီးဖိုခန်း သန့်ရှင်းရေးတွေ မနားမနေလုပ်နေခဲ့တယ်။
အိမ်ရှေ့က လူခေါ်ဘဲလ်သံ ကြားရတော့မှ အမြန်ပြေးသွားပြီး ဖွင့်လိုက်တယ်။ဂျောင်ကုက အထုပ်အကြီးကြီးတစ်ထုပ်ကို မနိုင်မနင်း သယ်ထားရတယ်။ကျနော် စပ်ဖြီးဖြီး ရယ်ပြလိုက်ပြီး အထုတ်ကို ကူသယ်လိုက်ရတာပေါ့။
" တကယ်ပါပဲ! " ဂျောင်ကုက မကျေမနပ်ဟန်လေးနဲ့ ဆိုလာတယ်ဗျ။
" ဘာလို့ " ကျနော်မေးလိုက်တော့..
" ခင်ဗျားလေးမှာတာတွေ အကုန်ဝယ်လိုက်တာ ကြည့်ဦး အများကြီး! သယ်လို့တောင်မနိုင်တော့ဘူး "
" ဟင်!ဟုတ်လား " သူစိတ်ဆိုးနေမှန်းသိတာမို့ ကျနော် မသိဟန်ဆောင်ပြီး မေးကာ သူနဲ့အတူ ကားပါကင်ဆီ လိုက်သွားရလေရဲ့။သူစိတ်ဆိုးနေတဲ့ ပုံက ကြောက်စရာမကောင်းဘဲ ချစ်စရာကောင်းနေတယ်!
ကားထဲလိုက်ကြည့်တော့မှ ဟုတ်ပါရဲ့! အထုတ်ကြီးနှစ်ထုတ်လောက် ကျန်နေသေးတာ။ကားထဲက ထုတ်ရတာတောင် ခါးရိုးကျိုးမလိုပဲ။
" ဂျောင်ကုစံ ပင်ပန်းနေတော့မှာ " ကျနော်က စိတ်မကောင်းသံလေးနဲ့ ပြောတော့ သူက မျက်နှာပြန်ပျော့သွားကာ..
" အင်း ..ကိုယ်လည်း တခြားကိုယ်အသုံးလိုတာတွေပါ ရောဝယ်လိုက်လို့ ထင်ပါရဲ့ " ပိုကြီးတဲ့ အထုတ်တစ်ထုတ်ကို သယ်လိုက်ရင်း ဂျောင်ကုက ဆိုသည်။
သူပြောလိုက်တဲ့ထဲက <ကိုယ်အသုံးလိုတာတွေ> ဆိုတဲ့စကားကြောင့် ကျနော်သယ်ထားတဲ့ အိတ်ထုတ်အသေးထဲကို ငုံကြည့်တော့ ရှန်ပူဘူး၊မှတ်စုစာအုပ်အချို့နဲ့အသင့်စားခေါက်ဆွဲခြောက်ထုတ်တွေ တွေ့လိုက်ရတယ်။သူဒီရက်ပိုင်းစားသောက်နေရတဲ့ ပုံကို ကျနော်မှန်းကြည့်လို့ရပြီ။
YOU ARE READING
The Kitchen[completed]
Fiksi Penggemarကျနော် ဒီလောကကြီးထဲမှာ အနှစ်သက်ဆုံးနေရာ ဆိုရင်တော့ မီးဖိုချောင်ပါပဲ။ - Sakurai Jimin Jikook/Kookmin ကျနော် ဒီလောကကြီးထဲမှာ အနှစ်သက်ဆုံးနေရာ ဆိုရင်တော့ မီးဖိုချောင်ပါပဲ။ - Sakurai Jimin Jikook/Kookmin