Love 💖💖💖

3K 167 10
                                    

ဒီ​နေ့ happy camp ရိုက်​ကူး​ရေးပြီး​တာ့ ကျွန်​​တော်​ ကျန့်​​ကောကို ဆွဲ​ခေါ်လာခဲ့တယ်​ ကျွန်​​တော်​သူ့အိမ်​ကိုညမိုးချုပ်​ကြီး​ရောက်​ပြီးကတည်းက သူနဲ့အဆက်​အသွယ်​မရှိ​တော့တာ သူ​ကျွန်​​တော့်​ကို​ရှောင်​​နေတယ်​လို့​ပြောရင်​မှန်​လိမ့်​မယ်

ပယအခုလည်းကျွန်​​တော့်​ကို​ရှောင်​ပြီးထွက်​သွားမလို့လုပ်​​နေတဲ့သူ့လက်​ကို ဆွဲပြီး တိုက်​​မ​ပေါ်ဆုံးထပ်​ကို​ခေါ်လာခဲ့ တံခါးကို​လော့ချပြီး သူ့လက်​​မောင်းနှစ်​ဖက်​ကို ကိုင်​ပြီး​မေးလိုက်​တယ်

"ကျန့်​​ကောဘာလို့ ​ကျွန်​​တော့်​ကို​ရှောင်​​နေတာလည်း"

"မ​ရှောင်​ပါဘူး"

"အဲ့ဆိုဘာလို့စကားမ​ပြောတာလည်း"

"မဟုတ်​ပါဘူး ငါပင်​ပန်း​နေလို့ပါ"

"ကျန့်​ကောလိမ်​​နေတာ "

"ဘယ်​မှာလိမ်​လို့လည်း ပင်​ပန်းလို့ပင်​ပန်းတယ်​​ပြောတာ​လေ"

"မညာနဲ့ ​ကော အရင်​တစ်​ခါကျွန်​​တော်​​ကောအိမ်​ကို ညမိုးချုပ်​ကြီး​ရောက်​ပြီးကတည်းက ​ကောကျွန့်​​တော်​ကို​ရှောင်​​နေတာ ဖုန်းဆက်​​တော့လည်းမအားလို့ ​နောက်​မှပြန်​ဆက်​မယ်​ဆိုပြီးချပစ်​တယ်​ အိမ်​လာ​တော့လည်းအိမ်​မှာမရှိဘူး ကျွန်​​တော်​ဘယ်​​လောက်​စိတ်​ပူ​နေလည်းသိလား ​ကောဘာများဖြစ်​လို့လည်းဆိုပြီး အမြဲတမ်း​စဉ်းစား​နေရတာ"

"မစဉ်းစားနဲ့ ငါ့အ​ကြောင်းမစဉ်းစားနဲ့ မဟုတ်​ဘူး ငါတို့မပတ်​သက်​ဘဲ​နေရ​အောင်​ "

"ဘာ... ဘာ​ပြောလိုက်​တာလည်း​ကော ကျွန်​​တော်​တို့မပတ်​သက်​ဘဲ​နေရ​အောင်​ဟုတ်​လား ​ကောဘာဖြစ်​​နေတာလည်း ဘာလို့အဲ့လို​မျိုး​တွေ​ပြော​နေတာလည်း ကျွန်​​တော်​နားမလည်​​တော့ဘူး ​ကော ကျွန်​​တော့်​ခံစားချက်​ကို မသိဘူးလား"

"မသိဘူး..... သိလည်းမသိချင်​ဘူး စိတ်​လည်းမဝင်​စားဘူး ငါ့ကိုလာမ​ပြောနဲ့"

"​ကော ​မသိတာ ​သေချာလား"

"​သေချာတယ်​"

"ကျွန်​​တော့်​မျက်​လုံးကိုကြည့်​​ပြော"

I Love You💘Where stories live. Discover now