Part 2
မချစ်ဘူးမုန်းတယ်
ရှောင်ကျန့် ရိပေါ်အပြုအမှုကိုကြည့်ပြီး
ဖြစ်ပြစ်ခဲ့သမျှကို ပြန်တွေးနေမိသည်။မားမားက ကျွန်တော်ကိုပြောတယ်
ယန်ကျင်း ကုမ္မဏီက သူဌေး ဦးဝမ်ယူနဲ့လက်ထပ်မယ့်လို ကျွန်တော်လက်မခံချင်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့သားအမိနှစ်ယောက်က အမေတစ်ခုသားတစ်ခုနဲနေနေရတာ စီးပွားရေးအတွက်လည်း မနည်းရုန်းကုန်နေရသလို အိမ်မှာလည်း မိခင်တစ်ယောက်ရဲ့တာဝန်ကို ကျေပွန်အောင်လုပ်နေတဲ့ မားအတွက်ပင်ပန်းလွန်းပါပြီ အဲ့ဒါကြောင့်ဘဲ
မားပျော်ရွှင်မှုအတွက် ကျွန်တော်လက်ခံလိုက်ပါတယ် ။ သူဌေးဝမ်ယူတောင်းဆိုလို
ကျွန်တော်တို့သားအမိ သူအိမ်မှာနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဌေးမှာသားတစ်ယောက်ရှီတယ်လို့ မားကြိုပြောထားပါတယ် မားပြောတုန်းကတော့ ကျွန်တော်ဂရုမစိုက်မိပါဘူး သားရှီလဲဘာဖြစ်လဲ ညီလေးလိုမဆက်ဆံနိုင်ပါဘူး သူတင်းရင်ကိုယ့်လည်းခပ်တင်းတင်း နေမယ့်လို့ဆုံးဖြတ်ထားတာပါ သူဌေးမိတ်ဆက်ပေးလို့ သူမျက်နှာမြင်လိုက်တော့ အသားဖြူဖြူပါဖောင်းဖောင်းလေးနဲ့ အလွန်ချစ်စရာကောင်းတဲ့ကောင်လေးလို့ ကျွန်တော်တွေးလိုက်ပါတယ် သူစကားပြောတာ ခပ်တင်းတင်းဆိုပေမဲ့ ထူးဆန်းစွာဘဲ ကျွန်တော်သူကိုအပြစ်မတင်ရက်ပါ ကျွန်တော်သူနဲ့အတူနေရမယ့်အရေးကိုတွေးရင်
ပျော်တောင်ပျော်သွားမိတဲ့ ကျွန်တော်စိတ်ကိုလည်း
ကျွန်တော်ကိုယ်တိုင် နားမလည်နိုင်တော့ချေ။♥♥♥♥♥
ဝမ်ရိပေါ် ကျောင်းသွားဖို့ အိမ်အောက်ထက်ဆင်းလာတော့ ထမင်းစားပွဲဝိုင်းမှာ မိထွေးရော သူသားရော ပါးပါးရော မနက်စာစားဖို့ ပြင်နေသည်။ ပါးပါးကကျွန်တော်ကိုမြင်တော့
"သားငယ် မနက်စာစားရအောင်
"ကျွန်တော်မစားဘူးကျောင်းသွားမလို့ "
"သားကျောင်းသွားရင် သားအစ်ကိုရှောင်ကျန့်နဲ့
သွားရမယ် သားတစ်ယောက်တည်း ကားနဲ့သွားတာ စိတ်မချဘူး သားအစ်ကိုပါခေါ်သွား ""ကျွန်တော်တစ်ယောက်တည်းမှမဟုတ်တာ ဝူဘင်းကိုဝင်ခေါ်ပြီးသူနဲ့သွားမှာ ပြီးတော့ သားသူနဲ့မသွားချင်ဘူး "