မချစ်ဘူးမုန်းတယ်
Part 9
Dinner Time🍝🍛🍲
" မနက်ဖြန်စနေတနင်္ဂနွေသားတို့ ကျောင်းပိတ်တယ်မှတ်လား ပါးပါး ဂျပန်ကို အလုပ်ကိစ္စနဲ့ခရီးထွက်ရမှာ သားတို့နှစ်ယောက် လိုက်ခဲ့နော် သားတို့မာမားရောလိုက်မှာ "
"ဦးကဘယ်နှစ်ရက်ကြာမှာလဲ "
"ဦးကတစ်ပတ်လောက်ကြာမှာ အလုပ်ကိစ္စမပျက်ရင်
တစ်လတောင်နေရမှာ ""သားမလိုက်တော့ဘူး ပါးပါး"
ရိပေါ်နှုတ်ခမ်းဆူစွာ ပြောလိုက်သည် "
" သားတို့က လေးငါးရက်လောက် လိုက်လည်လေ "
" မလိုက်ချင်ဘူး "
"အစေခံတွေ ရှီတယ်ဆိုပေမဲ့ သားတစ်ယောက်တည်းအိမ်မှာကျန်ခဲ့မှာ ပါးပါး စိတ်မချပါဘူးအိမ်မှာရှီတဲ့သူတွေလည်း သားကိုလွန်ဆန်နိုင်မှာမဟူတ်ဘူး"
" ကျွန်တော်မလိုက်ဘူး ပါးပါး "
ရိပေါ်ကထပ်ပြီးငြင်းတာကြောင့်
"ကျွန်တော့်ပါနေခဲ့ပါမယ်ဦး ဦးနဲ့မားမား
စိတ်ချလက်ချသွားပါ"" အဲ့လိုလုပ်ပေးမလားကျန့်လေး အဲ့ဒါဆို သားညီလေးကို စိတ်ချမယ်နော် ထမင်းစားပြီးရင် ဦးအခန်း ခဏလာခဲ့အုန်း "
"ဟုတ်ကဲ့ဦး "
ပါးပါးက ဘာအချိုးချိုးတာလဲ
သားအရင်းကိုဖယ်ပြီး ရှောင်ကျန့်နဲ့တွေ့မယ်ဆိုတော့" စားလို့ဝပြီ "
ရိပေါ်အခန်းထဲဝင်သွားလိုက်သည်
🏠🏠🏠🏠🏠
ဒေါက်..ဒေါက်
" ဝင်ခဲ့ပါ "
"ကျွန်တော်ရောက်ပြီဦးလေး"
ရှောင်ကျန့်ကို ဦးဝမ်ယူ ပိုက်ဆံကဒ်ပေးလိုက်သည်
" ဒါက "
" လိုသလောက်ထုပ်သုံး သားညီလေးလိုရင်လည်း ပေးလိုက် "
" အဲ့ဒါ ရိပေါ်ကို ပေးခဲ့ရမှာ မဟုတ်ဘူးလား "
" သားက ပါးပါးရဲ့သားကြီးလေ အဲ့တာကြောင့်
သားကိုအပ်တာပါ "