ဇတ်သိမ်းပိုင်း
မချစ်ဘူးမုန်းတယ်
Wang Yibo Pov:
ကျွန်တော် မိုးပျံရထားစီးတာနဲ့လန့်သွားပြီး
ဝူဘင်းကအိမ်ပြန်လိုက်ပို့တယ် ပြီးတော့
ဝူဘင်းကျွန်တော်ကိုပွေ့ချီတာသိလိုက်တယ် အစ်ကို ရှောင်ကျန့်ရဲ့စိတ်ပူသံတွေ ဝူဘင်းကိုဆူတာတွေကြားရတယ် ကျွန်တော်အန်နေလို့ စိတ်ပူနေတဲ့ သူရုပ်သွင်ကို မြင်နေရတယ် ကျွန်တော်နိုးနိုးချင်းလည်း ဆန်ပြုတ်အဆင့်သင့်တိုက်ပေးတယ် အစ်ကို
ရှောင်ကျန့်ရဲ့ဂရုစိုက်မှုတွေကိုသိလာတယ် မနေ့ညက မီးပြတ်တုန်းကလည်း ကျွန်တော်နားမှာ ဖော်လုပ်ပေးတယ် ပါးပါးမရှီတဲ့အချိန်မှာ အစ်ကိုရှောင်ကျန့်က ကျွန်တော်ကိုဂရုစိုက်တယ်ဆိုတာ ဟန်ဆောင်နေတာမဟုတ်တာမှန်းသိသာတယ် ကျွန်တော်သဘောကျလာတယ် သူရဲဂရုစိုက်မှုတွေပိုလိုချင်လာတယ် ဒါပေမဲ့ ကျွန်တော်ဘယ်လိုလုပ်ရမတုန်း တွေးရင်းတွေးရင်း အိပ်မပျော်ဖြစ်လာတယ် မနေ့ညကလို့ သီချင်းဆိုမသိပ်ရင်တောင် သူနားမှာအိပ်ချင်စိတ်ဖြစ်ပေါ်လာတယ် အဲ့ဒါကြောင့် ကျွန်တော် သူအခန်းတံခါးကိုသွားခေါက်ခဲ့တယ် ပြီးတော့ကျွန်တော် ကြောက်လို့လာအိပ်တဲ့ပုံစံချိုးပြီး သူကုတင်ပေါ်တက်အိပ်လိုက်တာပါ။🏩🏩🏩
မနက်မိုးလင်းတော့ ကလေးလေး အိပ်နေတုန်း မနိုးသေးဘူး ရှောင်ကျန့်လည်းအရင်ရေချိုးပြီးတော့မှ ကျောင်းသွားရမှာမို့ ရိပေါ် နှိုးလိုက်သည်
"ညီ ထတော့လေ ညီ ထပါတော့
ကျောင်းနောက်ကျတော့မယ်"" ငါးမီနစ် "
မျက်စီမဖွင့်ပဲ ပြောနေတာလေးကိုးက
အရမ်းချစ်စရာ ကောင်းလှသည်။"ထတော့ညီ ကျောင်းသွားရအုန်းမယ် မနက်စာလည်းစားရအုန်းမယ် "
ကျွန်တော်ပြောတဲ့အထိ သူမထသေးဘူး အဲ့ဒါနဲကျွန်တော်လည်း သူနဖူးကိုနမ်းပြီးနိုးလိုက်တယ် သူမျက်လုံးတန်းပွင့်လာတယ်
" အစ်ကိုဘာလုပ်တာလဲ "
"နှိုးလိုက်တာလေ "
"အဲ့ဒါဆိုဘာလိုနမ်းနိုးတာလဲ "