Unicode & Zawgyi !
Written by Dayeon_Park
ဒီအကောင့်မှာ တင်ထားပေမယ့် ရေးတာက Dayeon_Park ပါ ❤️.........
ဘယ်သူတွေ ဘာပြောမလဲ .. ယုံကြည်လက်တွဲခဲ့
တို့နှစ်ယောက်အချစ်တွေ အဆုံးသတ်ဖို့ အချိန်ရောက်ပြီ ။
မချစ်တော့ဘူးလို့ပြောတဲ့စကားမှာ အချစ်တွေပါသေးတယ် ။လမ်းခွဲဖို့အတွက် နှုတ်ဆက်လည်း အကြည့်မှမလွှဲနိုင်ဘဲ ။........
" ရိပေါ် .. "
" ဟင် ? "
အလင်းမရှိတဲ့ ဖုန်းမျက်နှာပြင်ကိုပဲ ငေးစိုက်ကြည့်နေတဲ့ ကောင်ကလေးက သူ့ဆီက ထွက်လာမယ့် စကားတွေကို ကြိုသိနေသလိုမျိုး တုန်ရီနေတယ် ။ မပြောပါနဲ့လို့ တောင်းပန်သလို မော့ကြည့်လာတဲ့ မျက်၀န်းတွေက မျက်ရည်စတွေ တလက်လက်နဲ့ ။
မဖြစ်မနေရောက်လာမယ့် အချိန်တစ်ခုအကြောင်းကို သူနားလည်တယ် ။ သူ သိတယ် ။ ဒါပေမယ့် နှစ်နှစ်ဆိုတာက သိပ်ကိုမနည်းလွန်းဘူးလား ။ သူတို့နှစ်ယောက် သိပ်ကို ချစ်နေကြတယ်လေ ။
ရိပေါ် တုန်ရီနေတုန်းပဲ ။ ကျန့်ကောမေးမှာတွေကို မဖြေချင်ဘူး ။ ဒါပေမယ့် ကျန့်ကောက သူ့ထက်ပိုပြီး အက်ကွဲနေတာ သူသိတယ် ။
" ဒီအခြေအနေတွေ ရောက်လာမှာ ကောတို့သိခဲ့ကြတာပဲ ။"
ရိပေါ် ခေါင်းကိုပြုတ်ထွက်တော့မတတ် ခါမိတယ် ။ ကျန့်ကောက ပြုံးပြတယ် .. အသက်မပါတဲ့ အပြုံးမျိုးနဲ့ ။
" ရိပေါ်က လိမ္မာပါတယ် ။ "
တစ်ခါတစ်လေကျရင် လိမ္မာရတာက သိပ်ပင်ပန်းတာပဲ ။ သူက အမြဲတမ်း လူလိမ္မာလေး ဖြစ်ခဲ့တယ် ။ မိဘတွေအတွက် ၊ ကျန့်ကောအတွက် ။
သူရော ကျန့်ကောရော မိဘတွေအတွက် မလိမ္မာခဲ့တာက လူမသိဘဲ ချစ်ခဲ့ကြတာ တစ်ခုတည်းပဲ ။" မေမေ ပြောတယ် ။ မင်္ဂလာရက် သတ်မှတ်ပြီးပြီတဲ့ ။ ရိပေါ်ရော .. ကောရော .."
YOU ARE READING
Cyclamen~ (Completed)
Fanfictionတစ်ချိန်ချိန်မှာ နောက်ပြန်လှည့်ကြည့်တဲ့အခါ .. ငါ့ရွေးချယ်မှုက မှန်ကန်တယ်လို့ ငါတစ်ထစ်ချ ယုံကြည်ချင်ခဲ့တာ ။ ( 3 Parts Story ~) cyclamen ပန်းတွေရဲ့ အဓိပ္ပာယ်က ခွဲခွာခြင်း တဲ့ ။ _________________ တစ်ချိန်ချိန်မှာ နောက်ပြန်လှည့်ကြည့်တဲ့အခါ .. ငါ့ရွေးချယ်မ...