မင်္ဂလာဆောင်တဲ့နေ့ဆိုတာ ဘယ်လောက် ခြောက်ခြားစရာ ကောင်းသလဲ ။ ပျော်ရွှင်မှုဆိုတာ နတ္ထိနဲ့ ။ သတို့သား နှစ်ယောက်လုံးရဲ့ မျက်နှာတွေက တပ်ပျက်နေသလိုပဲ ။ တစ်စုံတစ်ယောက်ကို အပြီးအပိုင် ဆုံးရှုံးရတော့မယ့် မျက်နှာသေတွေနဲ့ ။
ရိပေါ်ရဲ့ တောင်းဆိုမှုနဲ့ သတို့သားနှစ်ယောက်က တစ်ခန်း သတို့သမီးနှစ်ယောက်က တစ်ခန်း ထားပေးခံထားရတယ် ။
သူတို့က သတို့သားတွေပေမယ့် ဧည့်သည်တွေကို ထွက်မကြိုနိုင်ဘူး ။ နှစ်ယောက်လုံး သိပ်ကိုပင်ပန်းနေတယ် ။" သတို့သားတွေက တကယ်ကို နုဖတ်နေတာပဲ ။ မိတ်ကပ်တင်စရာတောင် မလိုဘူး ။ တကယ် အရမ်း အသားအရေလည်းကောင်းပြီး ချောလိုက်ကြတာ ။"
" သတို့သမီးလေးတွေကလည်းနုလို့ ။ တကယ်လိုက်တယ် "
ရိပေါ်က သွေးပျက်သထက် ပျက်လာတယ် ။ သူရော ကျန့်ကောရော မပြုံးနိုင်တော့ဘူး ။ အချိန်တွေက တဖြည်းဖြည်းနီးကပ်လာပြီ ။
တစ်စုံတစ်ယောက်ကများ အချိန်တွေကို နောက်ရွှေ့ပေးနိုင်မလား ။ သူသိပ်ကြောက်တယ် ။ ရှောင်းကျန့်ကို သူဆုံးရှုံးရတာက သူ့ဘ၀ကြီးကို သူပြန်ဆုံးရှုံးလိုက်သလိုပဲ ။
" ထွက်သွား .."
မျက်ရည်တွေရစ်၀ဲနေတဲ့ ရိပေါ်က မိတ်ကပ်လာပြင်တဲ့ လူနှစ်ယောက်ကို မျက်လုံးကိုတင်းတင်းမှိတ်လို့ နှင်တော့ အခုမှ အခန်းထဲ၀င်လာတဲ့ မိဘတွေက ဆူတယ် ။
" သားငယ် .. ဘာဖြစ်တာလဲ ။ "
" ထွက်သွားခိုင်းပေးပါ ။ မေမေတို့လည်း ထွက်သွားပါ ။ ကျွန်တော့်ကို ခဏလွှတ်ထားပေး ။ ကျွန်တော် ကျန့်ကောနဲ့ ခဏနေချင်တယ် ။ "
ရှောင်းကျန့် နေရခက်နေတယ် ။ ဒါပေမယ့် အရင်လို သူမတားမိဘူး ။ ရိပေါ်မေမေကတော့ အံ့သြစွာနဲ့ပဲ အကုန်လုံးကို အခန်းပြင်ထုတ်သွားလေရဲ့ ။
တိတ်ဆိတ်နေတဲ့အခန်းမှာ လူနှစ်ယောက်ရဲ့ အသက်ရှူသံကလွဲရင် ဘာသံမှ ထွက်မလာခဲ့တာ မိနစ်အတန်ကြာတဲ့အထိ ။ သူတို့ ပူးကပ်မနေဘူး ။ ဆိုဖာပေါ်မှာ ရှောင်းကျန့်က ခေါင်းကိုငုံ့ထားတယ် ။ ရိပေါ်က အခန်းထောင့်က ထိုင်ခုံပေါ်ကနေ ရှောင်းကျန့်ကို မျက်တောင်တောင်မခတ်ဘဲ လူသေလို ငေးလို့ ။
YOU ARE READING
Cyclamen~ (Completed)
Fanfictionတစ်ချိန်ချိန်မှာ နောက်ပြန်လှည့်ကြည့်တဲ့အခါ .. ငါ့ရွေးချယ်မှုက မှန်ကန်တယ်လို့ ငါတစ်ထစ်ချ ယုံကြည်ချင်ခဲ့တာ ။ ( 3 Parts Story ~) cyclamen ပန်းတွေရဲ့ အဓိပ္ပာယ်က ခွဲခွာခြင်း တဲ့ ။ _________________ တစ်ချိန်ချိန်မှာ နောက်ပြန်လှည့်ကြည့်တဲ့အခါ .. ငါ့ရွေးချယ်မ...