( Unicode )
ပန်းပွင့်လေးတွေက ငိုတတ်လား ..။
စက္ကူဘူးထဲက Cyclamen နှစ်ပွင့်က ခြောက်ကပ်လို့ ..
အနာဂတ်တွေက ဘာနဲ့တူလဲ ..
ရွှေငွေ ဒါမှမဟုတ် ဒီပန်းခြောက်တွေလို ..။.......................
" ညီမလေး .. နေမကောင်းဘူးလား "
ထမင်းလည်းမစားနိုင်ဘဲ တစ်ချိန်လုံး ထိုးအန်နေတဲ့ Mei Yue ကြောင့် ရှောင်းကျန့်စိတ်တွေပူလာတယ် ။ Mei Yue က အမည်ခံသာ သူ့ရဲ့ဇနီးပဲ ။ တစ်ယောက်တစ်ခန်း နေပြီး သူ့ညီမလေးလိုပဲ သူတန်ဖိုးထား ချစ်ပေးခဲ့တယ် ။
" တစ်နေ့လုံး အန်နေတာ ပင်ပန်းနေပြီ ။ ဓာတ်ဆား ယူလာခဲ့မယ်နော် .. အားတွေကုန်နေတော့မယ် Yue Yue ရယ် .."
" ကျန့်ကော .."
သူ့ကို နားနေခိုင်းပြီး ထွက်သွားဖို့ ပြင်နေတဲ့ ရှောင်းကျန့်လက်ကို Mei Yue လှမ်းဆွဲထားလိုက်တယ် ။ သူမမှာ ပြောစရာတွေရှိတယ် ။ မပြောလို့မဖြစ်တဲ့ ကိစ္စဖြစ်ပြီး ဒါကို သိပြီးသွားတဲ့အခါ ရှောင်းကျန့်က သူမကို ဒီနေရာမှာ တစ်ယောက်တည်းလည်း ထားခဲ့နိုင်တယ် ။
ဒါပေမယ့် ရှောင်းကျန့်က အစ်ကိုတစ်ယောက်လို သူမကို နားလည်ပေးပြီး အမြဲတမ်း အားပေးကူညီခဲ့တယ် ။ ညီမလေး ဆိုတဲ့ စကားကနေအစပြုလို့ ဖေးမခဲ့တယ် ။ သူမကသာ အမှားအကြီးကြီးကို သယ်ဆောင်ထားခဲ့တာ ။
" ဘာဖြစ်လို့တုန်း Yue Yue .. နားချင်လို့လား "
" ကျန့်ကော ... "
သူမ ဒါကိုပြောထွက်ဖို့ ခဲယဉ်းနေတယ် ။ သိပ်လည်း ကြောက်နေတယ် ။ ကျန့်ကောကို အားနာတယ် .. အဲ့တာကြောင့်လည်း ပြောထွက်မှဖြစ်မယ် ။
" ညီမလေးတွေက အစ်ကိုတွေကိုဆို မလိမ်တတ်ဘူးနော် ကျန့်ကော .."
" အင်းပေါ့ ညီမလေးရဲ့ ။ "
" ညီမလေးတွေက အမှားအကြီးကြီးလုပ်ထားရင်ရော .. အစ်ကိုတွေက မုန်းသွားတတ်လား ။"
YOU ARE READING
Cyclamen~ (Completed)
Fanfictionတစ်ချိန်ချိန်မှာ နောက်ပြန်လှည့်ကြည့်တဲ့အခါ .. ငါ့ရွေးချယ်မှုက မှန်ကန်တယ်လို့ ငါတစ်ထစ်ချ ယုံကြည်ချင်ခဲ့တာ ။ ( 3 Parts Story ~) cyclamen ပန်းတွေရဲ့ အဓိပ္ပာယ်က ခွဲခွာခြင်း တဲ့ ။ _________________ တစ်ချိန်ချိန်မှာ နောက်ပြန်လှည့်ကြည့်တဲ့အခါ .. ငါ့ရွေးချယ်မ...