ရိပေါ်နိုးလာသောအခါသူ့ဘေးမှာအိပ်နေတဲ့ရှောင်ကျန့်ပါးလေးအားနမ်းလိုက်မိသည်
ထိုအချိန်ရှောင်ကျန့်မျက်လုံးဖွင့်လိုက်ပြီး'အာ ကောနိုးပြီလားတောင်းပန်ပါတယ်
ရှောင်ကျန်ရှက်နေသောကောင်လေးအားကြည့်ကာ
'မင်းကြောင့်ငါနိုးလာတာလေကောင်းကောင်းကိုမအိပ်ရဘူး'ရှောင်ကျန့်စကားကြောင့်ဝမ်းနည်းသွားသောကောင်လေးကိုတွေ့လိုက်ရသည်
အမှန်တော့ရှောင်ကျန့်စလိုက်ခြင်းဖြစ်သည်ရိပေါ်သူ့ကိုမနမ်းခင်ကတည်းကနိုးနေခြင်းဖြစ်သည်'ကေုအိပ်ချင်ပြန်အိပ်နော်ကျွန်တော်ရေချိုးလိုက်အုံးမယ်'
ရှောင်ကျန်မျက်နှာငယ်လေးနဲ့ရေချိုးခန်းဝင်သွားသောရိပေါ်အားကြည့်ကာ
'ငါကစတာကိုတကယ်ထင်သွားပြီရေချိုးပြီးမှပြန်ချော့ရမယ်'ရှောငိကျန့်ရိပေါ်ကိုစောင့်ရင်အိပ်ပျော်သွားမိသည်
နိုးလာတော့ရှောင်ကျန့်မနက်စာစားရန်အောက်သိုဆင်းသည်
ရှီးချန်ရှောင်ကျန့်ကိုတွေ့သောအခါ
'ရှောင်ကျန့်ညီမနိုးသေးဘူးလားညီ့ပါနိုးခဲ့လေ''ရိပေါ်ထသွားတာကြာပြီလေရေတောင်ချိုးပြီးပြီမဟုတ်ဘူးလားကျွန်တော်သူ့စောင့်ရင်အိပ်ပျော်သွားတာ'
'ညီအောက်မဆင်ူလာသေးဘူး''ဒါဆိုကျွန်တော်သွားခေါ်လိုက်မယ်'
ရှောင်ကျန့်အပေါ်သို့တက်သွားပြီးရိပေါ်အားလိုက်ရှာသည်သို့သော်ဘယ်မှာမှရှာမတွေ့ပေထိုအချိန်ရေချိုးခန်းထဲကရေသံကိုကြားလိုက်ရသည်
'ရိပေါ်ရေချိုးခန်းထဲမှာလားဘာလုပ်နေတာလဲ''ရိပေါ်ထွက်လာတော့'
အချိန်အနည်းငယ်ကြာတဲ့အထိဘာသံမှမကြားရသဖြင့်
'ရှီးချန်ကောရေချိုးခန်းသောယူခဲ့ပါအုံး''ဘာ……ဘာဖြစ်လို့လဲရှောင်ကျန့်'
'ရိပေါ်ရေချိုးခန်းထဲမှာအခုထိထွက်မလာသေးဘူး'
ရှီးချန်ရေချိုးခန်းတံခါးဖွင့်လိုက်သောအခါမြင်လိုက်ရသောမြင်ကွင်းကြောင့်နှစ်ယောက်သားကြောင်ကာရပ်နေမိသည်
ရေချိုးခန်းကြမ်းပြင်တွင်ရိပေါ်ထိုင်နေပြီးလက်မှာလည်းသွေးများထွက်နေသည်
ရှောင်ကျန့်ရိပေါ်နားကပ်ပြီးရိပေါ်ကိုခေါ်လိုက်သဘ်
'ရိပေါ်'
YOU ARE READING
Don't leave me (complete){zawgyi and unicode}
Romanceဟုတ်တယ်ကျန့်ကောကျွန်တော်ကအရူးဒါပေမယ့်လေကျွန်တော်ကျန့်ကောကိုတစ်ကယ်ချစ်တာကျန့်ကောကိုပိုင်ဆိုင်ချင်ပေမယ့်ကျန့်ကောမုန်းသွားမှာကျွန်တော့အရမ်းကြောက်တယ်ကျန့်ကောကျွန်တော့်ကိုမချစ်ရင်နေပါကျွန်တော့်နားကမထွက်သွားပါနဲ့ ဝမ်ရိပေါ် မင်းအရမ်းအတ္တကြီးတယ်ရိပေါ်ငါမင်းကို...