ရိပေါ်ဆိုတဲ့ကောင်လေးအမြဲကျွန်တော့်ကိုတံခါးပေါက်လေးကနေကြည့်နေတာသတိထားမိပါတယ်ကျန်းချန့်သတိမထားမိဘူးလာမေးခဲ့ပေမယ့်ကျွန်တော်လိမ်ခဲ့မိတယ်ထိုကောင်လေးအကြောင်းသူ့အကိုပြောပြလို့သိခဲ့ရတယ်အကြွေးကြောင့်လို့နာမည်တပ်ကာကျွန်တော်ကောင်လေးကိုကူညီဖို့စိတ်အားထက်သန်ခဲ့တယ်အစကသနားလို့ဂရုစိုက်ခဲ့မိတယ်
တစ်နေ့ကောင်လေးကကျောင်းကိုလိုက်ချင်တယ်ပြောလို့ခေါ်ခဲ့မိတယ်ဖြစ်လာမယ့်အကြောင်းအရာတွေကိုကျွန်တော်သာသိရင်ကျွန်တော်မခေါ်ပဲနေမိမှာပါ
ရိပင်းကိုကောင်လေးထိုးလိုက်သည်သေချာတာပေါက်ဒါကျွန်တော့်ကြောင့်ပဲလေကောင်လေးဒီနေရာမှာစက်ရှိနေရင်ပတ်ဝန်းကျင်ကကောရိပင်းကပါကောင်လေးကိုအပြစ်တင်ကြလိမ့်မယ်လူမြင်ကွင်းမှာရန်ဖြစ်နေတာမလို့ရဲတိုင်ရင်ကောင်လေးထောင်ကျမှာလေဒါကြောင့်ကောင်လေးကိုအကန်တွေစိတ်ထဲမပါတာတွေပဲပြောလိုက်မိတယ်ကျွန်တော်သူ့ကိုမုန်းတယ်လို့ပြောလိုက်မိတဲ့အခါသူငိုပြီးကျွန်တော့်ကိုတောင်းပန်ခဲ့တယ်ဒါပေမယ့်သူစိတ်လွတ်ပြီးကျွန်တော့်ကိုရိုက်လိုက်တယ်ကျွန်တော်အံသြသွားတယ်ကောင်လေးကိုထွက်သွားခိုင်းမိတယ်တကယ်တော့မုန်းလို့မဟုတ်ပါဘူးဘေးမှာဆရာတွေရှိနေတဲ့အတွက်ကောင်လေးအတွက်စိတ်ပူမိသွားလို့ပါကောင်လေးကတော့ကျွန်တော့်ကိုအထင်လွဲပြီးထွက်သွားခဲ့တယ်ကျွန်တော်စိတ်မပူမိတယ်သူအိမ်ပြန်နိုင်ပါ့မလားလို့ကျွန်တော်ရိပင်းကိုတောင်းပန်ခဲ့တယ်ကောင်လေးကိုတရားမစွဲဖို့ပေါ့
ကောင်လေးအိမ်သွားတဲ့အခါကောင်လေးပျောက်နေတယ်တဲ့ကျွန်တော်အရမ်းစိတ်ပူသွားတယ်ကိုယ့်ကိုကိုယ်အပြစ်တင်ခဲ့တယ်ကောင်လေးကိုတွေ့တော့ကျွန်တော်တကယ်ပျော်ခဲ့တာပါသူ့ကိုအိမ်ပြန်ခေါ်ခဲ့တယ်
နောက်နေ့မနက်ခင်းကျွန်တော်ကောင်လေးဆီသွားတော့ကောင်လေးမျက်နှာမှာအမာရွတ်ကြီးဒါတွေဟာကျွန်တော့်ကြောင့်တဲ့သူကအပြစမတင်ပေမယ့်ကျွန်တော့်ကိုကျွန်တ်ာအပြစ်တင်ခဲ့တယ်ကောင်လေးနာကျင်တာထက်ကျွန်တော့်ရင်တွေအရမ်းနာတယ်ကျွန်တော်သိလိုက်တယ်အဲ့အချိန်မှာကောင်လေးကိုကျွန်တော်အရမ်းချစ်မိတယ်ဆိုတာကို
YOU ARE READING
Don't leave me (complete){zawgyi and unicode}
Romanceဟုတ်တယ်ကျန့်ကောကျွန်တော်ကအရူးဒါပေမယ့်လေကျွန်တော်ကျန့်ကောကိုတစ်ကယ်ချစ်တာကျန့်ကောကိုပိုင်ဆိုင်ချင်ပေမယ့်ကျန့်ကောမုန်းသွားမှာကျွန်တော့အရမ်းကြောက်တယ်ကျန့်ကောကျွန်တော့်ကိုမချစ်ရင်နေပါကျွန်တော့်နားကမထွက်သွားပါနဲ့ ဝမ်ရိပေါ် မင်းအရမ်းအတ္တကြီးတယ်ရိပေါ်ငါမင်းကို...