ဝေ့ဝူရှန်းတစ်ယောက်နေ့လည်ကကြာပန်းကန်မှ ပြန်လာပြီးထဲက တစ်စုံတစ်ယောက်ကိုလွမ်းနေသလိုခံစားနေရသည်။
သူလန်ဝမ်ကျီရဲ့ အပြုံးတွေကို လွမ်းနေသလိုလို ကိုယ်သင်းရနံ့လေးကိုပင်လွမ်းနေသလိုလို ။
အိပ်ယာပေါ်မှာလူးလိမ့်နေရင်း သူနောက်ဆူံးမနေနိုင်စွာ လန်ဝမ်ကျီရဲ့အဆောင်တော်ဘက်သို့ထွက်ခွာခဲ့လေသည်။
ရုတ်တရက်ဗျစ်စောင်းသံကြားလိုက်ရသည်။ သီချင်းသံလေးကအရမ်းသာယာလွန်းလို့ သူရပ်နားထောင်နေမိသည်။
ရုတ်တရက်သီချင်းသံကရပ်သွားပြီး"ဘာလို့ခိုးနားထောင်နေရတာလဲ ဒီမှာ ရေနွေးသောက်ရင်းလာနားထောင်ပါလား"
ထိုအချိန်ခဏဝေရင်း အသက်ပင်အောင့်ထားမိသည်ထင်သည်။ လန်ဝမ်ကျီလို သူမျိုးက သူရောက်နေမှန်းဘယ်လိုသိနေသလဲဟု
ဝေ့ဝူရှန့်းအရှက်ပြေရယ်ရင်းလန်ဝမ်ကျီရှေ့ထိုင်ကာ
"ဒုမင်းသားလန်က အာရုံစူးရှပါပေတယ်"လန်ဝမ်ကျီသည်ဘာမှပြန်မပြောပဲ ပြုံးပြနေခဲ့သည်။
ထို့နောက်သီချင်းကိုသာဆက်လက်တီးခတ်နေခဲ့သည်။ ဝေရင်းလဲ သီချင်းသံနားထောင်ရင်းယူဆောင်လာတဲ့ ဧကရာဇ်ပြုံးဝင့်ကိုသောက်ကာ ဇိမ်ခံနေတော့သည်။"ခမည်းတော် အခုရက်ပိုင်း အမတ်ကြီး ဝိမ်ရဲ့လှုပ်ရှားမှုတွေကသာမာန်မဟုတ်ဘူး"
"ငါလည်းသတိထားမိတယ် သူဘာလုပ်မလဲဆိုတာသေချာစောင့်ကြည့်ထားပါ ပြီးတော့ဝမ်ကျိဘက်ကိုလဲ လူလွတ်ပြီးသတိပေးထားလိုက်အုံး"
"ဟုတ်ကဲ့ပါခမည်းတော်"
ထန်ရှားမင်းကြီးနဲ့ အိမ်ရှေ့စံအကိုတော်ဟာ လန်ဝမ်ကျီကို ချစ်ခင်ကြပါတယ်။ သို့သော် ....
အမတ်ကြီးဝိမ်ကတော့ ထီးနန်းကို လိုချင်နေသူ
အချိန်ပြည့် အကောက်ကြံချင်နေတဲ့သူပင်...
YOU ARE READING
ချစ်ခြင်းစေရာ(Complete)
Fanfictionငါ့ရဲ့ဘဝကမင်း ငါအမြဲတမ်းမင်းကိုချစ်နေမှာ ဝေဝူရှန်း မင်းကြောင့်သာငါ့အပြုံးတွေဖြစ်ပေါ်လာတာ မင်းသာငါ့ရဲ့အချစ် မင်းသာငါ့ရဲ့ဘဝ လန်ဝမ်ကျီ