လန်ဝမ်ကျီ နှင့်ဝေ့ဝူရှန်းတို့  ထိုလှိုဏ်ဂူထဲတွင်နှစ်ရက်မျှနေခဲ့သည်။ ထို့နောက်တော့ ဝေ့ဝူရှန်းလဲတဖြည်းဖြည်းသက်သာလာပြိမို့ သူတို့တွေ နန်းတော်ကိုကြန်ဖို့ပြင်ဆင်ရတော့သည်။
"ငါတို့နန်းတော်ကိုပြန်ရမယ် မင်းအဆင်သင့်ပြင်ထားသင့်ပြီ"
"နန်းတော်ကိုယ်မပြန်ချင်သေးဘူး မင်းဆီကအဖြေလေးလိုချင်သေးတယ်ပြီးတော့ ဒီလိုမျိုးနှစ်ယောက်ထဲ သာသာယာယာနေချင်တယ်"
"ဒီနေရာက ငါတို့ ထန်ရှားနယ်စပ်နဲ့နီးနေပြိ ငါလည်းထန်ရှားကိုပြန်တော့မယ် နောက်မှအရှင်မင်းကြီးစီိလာနှုတ်ဆက်တော့မယ်"
ထို့နောက်သူတို့ ထိုလှိုဏ်ဂူလေးထဲမှထွက်ကာ တောထဲမှထွက်လာခဲ့သည်။ သွားရမဲ့အရပ်ကမတူညီသည်မို့ သူတို့  လမ်းခွဲရမယ့်အချိန်ကကျရောက်လာပြိလေ။
သူတို့လှိုဏ်ဂူလေးကထွက်လာပြီးပြီချင်း အမဲရောင်ဝတ်စုံဝတ်ထားတဲ့ အဆင့်မြင့်သိုင်းသမား ဆယ်ယောက်ခန့်က ထိုနေရာလေးသ်ု့ရောက်လာလေသည်။
"နွေးနေသေးတယ် သူတို့ထွက်သွားတာ မကြာလောက်သေးဘူး"
ထို့နောက်သူတို့ဟာ ဝေ့ရင်း တို့သွားတဲ့ဘက်သို့အလျင်အမြန်လိုက်လာခဲ့ကြသည်။
ထိုသူများမှာ အမတ်ကြီးဝိမ်လွှတ်လိုက်သော လန်ဝမ်ကျီကို သတ်မည့်လူများဖြစ်ပေသည်။
လန်ဝမ်ကျီနှင့်ဝေ့ဝူရှန်းသည်အတူတူတွဲလျောက်နေကြသည်။ ဝေ့ရင်းသည်သိုင်းပညာမြင့်မားသူမို့ သူတို့နောက်သို့လူများ လိုက်ပါလာသည်ကို သတိထားမိပေမယ့် သူဟာ လန်ဝမ်ကျီကိုအလန့်တကြားမဖြစ်စေချင် ။
သူထင်တာက ဒီလူသတ်သမားတွေက သူ့နောက်လိုက်လာတာပင်ဟုပင်။ ထို့ကြောင့်ဝေ့ရင်းသည်
"လန်ကျန့်မင်း ဒီမှာခဏနေအုံးနော် ငါဟိုဘက်ခဏသွားလိုက်အုံးမယ်"
YOU ARE READING
ချစ်ခြင်းစေရာ(Complete)
Fanfictionငါ့ရဲ့ဘဝကမင်း ငါအမြဲတမ်းမင်းကိုချစ်နေမှာ ဝေဝူရှန်း မင်းကြောင့်သာငါ့အပြုံးတွေဖြစ်ပေါ်လာတာ မင်းသာငါ့ရဲ့အချစ် မင်းသာငါ့ရဲ့ဘဝ လန်ဝမ်ကျီ