(zawgyi)
လွန်ခဲ့သော ၅နှစ်ခန့်က ဆိုးလ်
အသက်မပြည့်သေးတဲ့ အထက်တန်း ဒုတိယနှစ်ကောင်လေးတစ်ယောက် ဆေးလိပ်ဝယ်ဖို့ ကြိုးစားရာမှာ အချိန်ပိုင်းကောင်လေး ထံတွင် လက်ပူးလက်ကြပ်မိသဖြင့် အချေအတင်ဖြစ်နေကြသည်။
အချိန်ပိုင်း - တကယ် မရလို့ပါ အသက်မပြည့်သေးတဲ့ သူကိုရောင်းရင် ငါလဲ ဒုက္ခရောက်နိုင်သလို ဆိုင်အတွက်လဲအဆင်မပြေလို့ပါ
အထက်တန်း - ခင်ဗျား မသိချင်ယောင်ဆောင်ပေးလိုက်ရင်ရနေတာပဲလေ ဘယ်သူသိတာမှတ်လို့
မဖြစ်နိုင်သည့်ကိစ္စကို အကြိမ်ကြိမ်ပြောရသည်မှာလဲ အချိန်ပိုင်းအလုပ်သမားလေးတယောက်အတွက် စိတ်ကျဉ်းကြပ်စရာတခုပင်
ပြော၍မရသည့်အဆုံး အသံမာမာဖြင့်
အချိန်ပိုင်း - ဒီမှာ အထက်တန်းကလေး မင်းဒီလိုမျိုး ဆက်ရစ်နေမယ်ဆို ငါရဲ ခေါ်လိုက်ရုံပဲ ရှိတော့တယ် အဲ့ဒီတော့ မင်း ဒုက္ခမရောက်ချင်ရငိ အခု ဆိုင်ထဲက ထွက်သွားလိုက်ပါ
အထက်တန်း - ခင်ဗျားတို့လည်း ငယ်ငယ်တုန်းက သောက်ရင်သောက်ခဲ့မှာပဲလေ ခင်ဗျား စောင့် ကြည့်နေ နောက်တစ်ခေါက် ထပ်တွေ့ရင် ခင်ဗျားကို အမှုန့်ချေပြစ်မယ် ကြပ်ကြပ်သတိထားနေပါ
ဟု ကျိန်းဝါးကာ
ဒုန်းဆိုတဲ့ အသံမြည်တဲ့ အထိ တံခါးကိုဆောင့်ပိတ်သွားတဲ့ ကောင်လေးကို ကြည့်ပြီး
အခုခေတ်ကလေးတွေ ဆိုးတာတော့ တော်တော်ဆိုးတယ် .. နောက်တစ်ခါ မတွေ့ရပါစေနဲ့ လို့ ခေါင်းတွင်တွင်ခါရင်း သူ့ စိတ်ထဲမှာ ကြိတ်ဆုတောင်းမိတော့သည်။သူတို့ နှစ်ယောက်မသိလိုက်တာက သူတို့ရဲ့ တွေ့ဆုံခြင်းရဲ့ ဆူးငြောင့်ခလုတ်တခုကို ကံကြမ္မာရဲ့ ဖန်ဆင်းမှု တခုဆိုတာကိုပင်..
- - - - - - - - - - -
Mama wang - သားလေး Yibo ဒီနေ့ chinese guide အစ်ကို တစ်ယောက်လာမယ်နော် စာသေချာလုပ်ပါ မင်းအဖေရဲ့ ဆန္ဒဘာလဲဆိုတာ မင်းသိတယ်နော်
Wang Yi Bo တစ်ယောက် ခေါင်းတွေသာ ကုတ်ရင်း ..
HanHwa Group ရဲ့ အငယ်ဆုံး သားဆိုပေမယ့် အစ်ကိုကြီးက ဆရာဝန်ပေါက်စဆိုတော့ company ကို ဆက်ခံဖို့ တာဝန်က သူ့ဆီရောက်ခဲ့သည် မဟုတ်လား
![](https://img.wattpad.com/cover/199318140-288-k406863.jpg)
YOU ARE READING
UNINTENTIONALLY
FanfictionWe never know other's story unless that person decide to tell other. It's unintentionally 💘