ဒါ က အသက် ၃၀ ကျော်အရွယ်ယူတို့ရဲ့Daddy 오ကြီးပေါ့
ဒါကတော့ Hoodieလေးတွေလက်ဖျား
မြှပ်အောင်ဝတ်တတ်တဲ့မနူးမနပ်သားသားပေါ့😉_______________________
အိမ်အပြန်လမ်းတလျှောက်Daddyက တိတ်ဆိတ်လို့။
ချန်ယောလ်ဘက်က လဲစ
စပြီး
စကားမပြောမိ။မနေနိုင်သည့်အဆုံးမို့ ထုတ်မေးရန် ကြံရွယ်မပေမဲ့daddyက ဖုန်းပြောနေပြန်တာမို့ ခေါင်းကို ငုံ့လို့နှုတ်ခမ်းသာဆူထားမိပြန်သည်။
ဘာလို့များ daddyက ချန်ယောလ်ကို အမျိုးတွေနဲ့ပေးတွေ့ခဲ့တာလဲ?
ချန်ယောလ်ကိုDaddyက မလိုချင်တော့တာများလားဟုတွေးမိတော့ မျက်ရည်က ကျချင်ချင်။တကယ်ဆိုဒီအရွယ်ကြီးထိ ရောက်အောင်Daddyတယောက်ထဲပျိုးထောင်ခဲ့သည်ပဲမဟုတ်ဖူးလား...
ဘာလို့များDaddyက စွန့်ပစ်ချင်လာရတာပါလိမ့်။အသံတိတ်ကြိတ်ငိုနေမိတာ Daddyကိုမသိစေချင်လို့ဖြစ်သည်။
အငိုသန်သည့်ကလေးတွေအား Daddyမုန်းတာ ချန်ယောလ်သိသည်။အိမ်ပြန်ရောက်သည်နှင့်Daddyအားနှုတ်ပင်မဆက်နိုင်ပဲအိမ်အပေါ်ထပ်သို့သာခပ်သုတ်သုတ်တက်လာမိသည်။