ချန်ယောလ်နဲ့ ဟာနာတို့ဖုန်းနံပါတ်ချင်းအပြန်အလှန်လဲဖြစ်ကြတယ်။
ညုတုတာသူမအကြည့်တွေကို ချန်ယောလ် နားလည်ပါတယ်...မတွဲဖြစ်ရင်တောင်မှ
Friend with benefitအနေအထားထိဖြစ်နိုင်လောက်အောင်သူမက သိပ်ရဲတင်းတယ်။
ဒါပေမဲ့...
ချောချောလှလှမိန်းကလေးတွေရဲ့ ထိုသို့ရဲတင်းမှုကလဲဆွဲဆောင်မှုတစ်မျိုးပဲလေ...
မဟုတ်လား...အချိန် ၁၁နာရီ ကျော်နေပြဖြစ်သည့်တိုင်ချန်ယောလ် ဟော်တယ်မပြန်ဖြစ်သေး...
ဟာနာတို့အဖွဲ့တွေနဲ့ စကားလက်ဆုံကျနေခဲ့သည်။
ချန်ယောလ် ခုမှ သာမန်လူငယ်တွေရဲ့ လွပ်လတ်တဲ့ဘဝကိုရရှိနေသလိုပါပဲ...ပင်လယ်ပြင်က ယခုတော့ မဲမှောင်ကာ လှိုင်းလုံးဖြူဖြူတွေကိုပဲ မြင်ရတော့သည်။
ချန်ယောလ်လက်ထဲက ကော့တေးခွက်လေးကလှုပ်လီလဲ့...
ဟာနာက ရယ်လိုက်တိုင်းသူမ ခန္ဓာကိုယ်လေးကယိမ်းထိုးနေပြီး ချန်ယောလ် ဘက်မှီကျလာတာကြောင့်ဖြစ်သည်။Daddyတို့ကတော့ညနေထဲကမတွေ့ဖြစ်ကြတော့တာမို့ညနေစာဘယ်မှာစားသလဲမသိရ...
ဦးငယ်ကလဲ သူ့ဇယားလေးမပြန်တာမို့ စိတ်ရှုပ်ရှုပ်နှင့်အခန်းအောင်းနေသည်ဟုဆိုသည်။"ဟေး ယူ အိပ်ချင်နေပြီလား "
ဟာနာကိုပြုံးပြရင်း ခေါင်းခါပြမိတယ်။
သဘာဝလား ပြုပြင်ထားသလားမသိတဲ့ဟာနာရဲ့ မျက်တောင်ရှည်တွေက မီးရောင်ပျပျအောက်မှာပင် ညွတ်လို့...သူမက တကယ့်ကိုသဘောကျချင်စရာလေးဖြစ်သည်။
သို့သော် ထိုအလှက
ချန်ယောလ်တမ်းတမ်းစွဲဖြစ်ရအောင်လောက်အောင်တော့ရင်ထဲမရောက်ချေ။သို့သော် အနဲဆုံးတော့ နမ်းတာလောက်ဖြစ်ဖြစ်တော့ ခံစားလို့ရသည်။
ထိုထက်တော့အဆင့်တက်ဖို့စိတ်ကူးမရှိ။သူမ ဘန်ဂလိုဆီလိုက်ပို့ တော့ လမ်းတွင်ရုတ်တရက်ဆန်သည့် ချန်ယောလ် အနမ်းကြောင့်ဟာနာက ခဏသာ ငြိမ်သွားပေမဲ့ သူမကလဲခေသူမဟုတ် ၊
ပြန်၍တုံ့ပြန်နမ်းသည်။ရုတ်တရက် ဟာနာနှင့်ပူးကပ်နေရာမှ တစုံတယောက်၏တွန်းဖယ်မှုကြောင့် ဝေးကွာသွားရသည်။