{11}Daddy 오

3.6K 433 31
                                    

ချန်ယောလ် မပြန်တော့ဘူးဆိုတာ သိသည်နှင့် ဦးငယ်တို့အိမ်က ချန်ယောလ် ပစ္စည်းတွေရော၊ ဂျပန်ကတိုက်ခန်းရှိ အသုံးအဆောင်တွေပါ ချက်ချင်းပြောင်းရွှေ့လာတဲ့ Daddyမျက်နှာလေးက စိတ်ချမ်းသာနေဟန်တပြုံးပြုံးနှင့်။

ဘတ်ခ်ဟျွန်းနီးပြောသလို  daddyအိမ်တွင်နေပြီး ဦးငယ်တို့ထံတွင်အလုပ်လုပ်မည်ဖြစ်မည်။

အစကတော့ ဦးငယ်တို့ဆီတွင်နေမည်ဆုံးဖြတ်ခဲ့ပေမဲ့ စိတ်ထိခိုက်နေရှာတဲ့Daddyကြောင့်ချန်ယောလ် တထစ်လျှော့မိသည်။

Daddyပြောသလို ပါပဲ...
Daddyအပေါ်မရိုးမသားစိတ်တွေမရှိတော့ဖို့
ချန်ယောလ် အတတ်နိုင်ဆုံးကြိုးစားမည်ဖြစ်သည်။
ဒါဟာ ဘယ်လိုမှမဖြစ်နိုင်သည့်ကိစ္စဖြစ်ပေမဲ့လို့ပေါ...

ငယ်စဉ်ကတည်းက Daddyကိုသာ အရိပ်တကြည့်ကြည့်နေခဲ့ရသည့်အပြင်
အရွယ်ရောက်ကာ ရင်ခုန်တတ်စအရွယ်ရောက်လာပြန်တော့လဲDaddyကသာအချစ်ဦး...
ယခုထိလဲ ချစ်မြတ်နိုးနေရဆဲ။
နာကျည်းစိတ် အနဲငယ်ရှိပေမဲ့လို့ daddyအပေါ်ထားရှိသည့် ချန်ယောလ်ရဲ့အချစ်ကိုတော့ မလွှမ်းမိုးနိုင်ပေ။

ခန်ယောလ်ပစ္စည်းတွေနေရာ တကျ ချပေးနေတဲ့Daddyက  အားတက်သရောရှိလှသည်။

မယ်မယ်ရရ ဘာမှမလုပ်သည့် ချန်ယောလ် က အခန်းဝတွင်ရပ်ကိုလာကြည့်ပြန်တော့ လေးထောင့်ကိုင်းမျက်မှန်အောက်မှ လခြမ်းကွေးပုံမျက်ဝန်းလေးတွေမှိတ်ကျအောင်ပြုံးပြလာသည့်Daddyအား ပြန်၍ပြုံးမပြဖြစ်...

Daddyနှင့်ဝေးဖို့ကြိုးစားနေရင်းကပင်ပိုပိုနီးလာခဲ့လေသည်။

****************
"Morningကိုကို "

ကလေးပေမဲ့မနက်စောစောထတတ်ပုံရတဲ့နာယောင်းလေးက မနက်စာပြင်နေတဲ့daddyအနား ဂါဝန်လေးတကားကားနှင့်။

"Morningနာယောင်း"

ဆံပင်ပျော့ပျော့လေးတွေကိုတချက်ပွတ်သပ်ပေးလိုက်တော့ နာယောင်းလေးကပြုံးပြသည်။
မျက်လုံးလေးတွေမှိတ်ကျသွားသည်ကစ daddyအပြုံးနှင့်ချွတ်စွပ်။

" သား ဒီနေ့ အလုပ်စဝင်ပြီပေါ့"

အမြဲတစေ ရှင်းသန့်နေသည့်daddyက ခုလဲမိုးပြာရောင် ရှပ်အင်္ကျီနှင့် ချောမောနေဆဲ။

 "lovely  Daddy 오"Where stories live. Discover now