အမုန်းမြို့အလွန်-19

7K 340 76
                                    

မနက်စောစော ကိုယ့်အသက်ထပ်ချစ်ရသူနှင့် အတူဖြတ်သန်းရသည်မှာ

အရမ်းကိုချိုမြိန်းလွန်းသည်မဟုတ်လား

ရင်ခွင်ထဲအိပ်ပျော်နေပါသော Yiboလေး

နိုးလာပါသည်

ရင်ခွင်ထဲကနေ မော့ကြည့်မိတော့

ကိုကို့မျက်နှာချောချောကို

တစိမ့်စိမ့် ကြည့်နေမိသည်

ချောရက်လိုက်တာကိုကိုရယ်

သွယ်လျလှသော  နှာတံ ထူလွန်းသည်ဟု ထင်ရသည့် မျက်ခုံး  

ယောကျာ်းပီသလှတဲ့ မေးရိုး

အားလုံးထဲ မပါမဖြစ် ကိုကို့ရဲ့  နှုတ်ခမ်းပါးလေး

ကမ္ဘာမှာရှိသမျှ အချောတွေစုပြီး ပေးရင်တောင် ကိုကိုနဲ့ မလဲနိုင်ပါ

အရမ်းချစ်တယ် ကိုကို

ကိုကို့ခါးကို တင်းကြပ်စွာ ဖက်ထားမိပါသည်

"ကိုကို့yiboလေး နိုးနေတာကို မထပဲ

ကိုကို့ကို  ခိုးကြည့်နေတာ  

ဘယ်လိုလဲ ကိုကိုချောတယ်မဟုတ်လား"

"တော်စမ်းပါ  ဘယ်နားကချောတာလဲ"

"yibo မနက်စောစော ကိုကို့ကို အသည်းယားအောင် မစနဲ့နော်"

"အာ ကိုကို့ကိုပြောမလို့

ဒီနေ့ည အကိုရှီးချန်ရဲ့  party ရှိတယ်

မနက်ပိုင်းက yiboလည်း  မအားလို့ သူ့မင်္ဂလာဆောင်မသွားဖြစ်ဘူး"

"ရှီးချန်ဆိုတာက!"

"ကိုကိုမသိဘူးလား "

"အင်းမသိဘူး"

"ထားပါတော့ yibo အကိုလိုခင်ရတဲ့ မိတ်ဆွေပါ ကိုကိုရဲ့

အဲ့ဒါ ကိုကိုလိုက်မယ်ဆို ကိုကို့ကိုyiboဝင်ခေါ်မယ် "

"ကိုကိုလား ကိုကိုက ရိုက်ကွင်းရှိတယ်လေ ဒါပေမဲ့ ကိုကိုကနောက်မကျပါဘူး 

ကိုကိုဖုန်းဆက်မယ်လေ မှီတယ်ဆို ကိုကို့ကို လာကြိုလေ  "

"အင်းကိုကို ဒါနဲ့ကိုကို 

အမုန်းမြို့အလွန်Where stories live. Discover now