"ကိုကို့yiboရေ ဖုန်းကြီးဖွင့်ပြီး ဘယ်သွားနေတာလဲ "
"လာပြီ လာပြီ အရမ်းကြီးအော်မနေနဲ့ ရေသောက်မလို့ ရေဗူးယူနေတာ"
"ကိုကိုကလွမ်းလို့ခေါ်မိတာလေ ကလေးရယ်"
"မခေါ်နဲ့ဗျာ ကိုကို့ကို yiboစိတ်ကောက်နေတာနော်"
"ဟော ဘယ်လိုဖြစ်လို့လဲ"
ရိုက်ကွင်းနေရာချင်း မတူပေမဲ့
ဖုန်းလေးနှင့်အမြဲဆက်သွယ်ဖြစ်သည့်
နှစ်ယောက်ယခုလည်း yiboက အလုပ်ကိစ္စနှင့် londonရောက်နေသည်
မအားသည့်ကြားက yiboကို
vcလှမ်းခေါ်မိသည့်အထဲ သူကကောက်နေတယ်တဲ့လေ
"ကိုကို့ ရိုက်ထားတဲ့ကားတွေကို ကိုကိုတစ်ချက်လောက် ပြန်ကြည့်လိုက်ပါအုန်း"
"အာ ကလေးရယ် ကိုကိုလည်း ဘယ်လုပ်ချင်ပါ့မလဲ ဒါက ဇာတ်ညွှန်းအတိုင်းလုပ်ရတာလေ"
"မသိဘူး ဘာလို့ မင်းသမီးတွေနဲ့ ကုန်းပိုးတဲ့ခန်းရိုက်ရတာလဲ(ဒီကုန်းပိုးတာကgeရဲ့ Drကားထဲကကို ရေးထားတာပါ) လူစားထိုးပါ့လား
နမ်းတဲ့ခန်းရော တော်တော် ရက်ရောနေတယ်ဟုတ်လား
ပွေးပေါက်မှာမကြောက်ဘူးလား(ဟယ် ကလေးရေ ဘယ်လိုတောင် ပြောချတာလဲ)
BTSတွေကလည်း ရယ်မောနေတဲ့မျက်နှာနဲ့ ရှက်ရမ်းရမ်းပြီး သွားဖက်ရတာတစ်မျိုး(ခုရုံတင်နေတဲ့Geကားရဲ့ Btsတွေ့ပါနော်)
ရှင်းပြစမ်းးပါ ငါကိုယ်တော်လေးကို အစီအစဉ်တကျပေးတဲ့ အကြောင်းပြချက်လေးတွေ "
"yibo yibo ကိုကို့yiboလေးက အူတိုနေတာ ချစ်စရာလေးကွာ
စိတ်မကောက်ပါနဲ့yiboရယ်
ကိုကိုကအလုပ်အရပါ ပြီးတော့ လူမှုဆက်ဆံရေးလေးကွာ ဒီလိုပဲ ခင်ခင်မင်မင် ရှိရမှာပေါ့
မဟုတ်ဘူးလား"
"အကိုလေး မင်းပြောလိုက်ရင် မင်းချည်းအမှန်နော် မသိဘူးကွာ ငါတကယ်စိတ်ရှုပ်လာပြီ မင်းကိုချစ်ရတာ အရမ်းပင်ပန်းတဟ် ဒါပဲ ဖုန်းချလိုက်ပြီ"
YOU ARE READING
အမုန်းမြို့အလွန်
FanfictionLong coat အမဲလေး အမြဲဝတ်ထားတတ်တဲ့ကိုကိုဟာ အမဲရောင် ကြိုက်တဲ့ ရိပေါ်အဖို့ ကိုကိုဟာ perfectပါပဲ ဒါပေမဲ့ ကိုကို့ကိုမုန်းပါတယ် ကိုကိုလည်းyiboကိုမုန်းတယ်မလား အမှန်ဆိုမချစ်ခဲ့သင့်ဘူး အချစ်ဆိုတာ တကယ်ပဲပူလောင်လွန်းပါတယ်