ဆေးရုံ၌ လက်ကျောက်ပတ်တီးရော ခြေထောက်ကျောက်ပတ်တီးပါ
ဖြည်ပြီးပြီမို့
ကျွန်တော် နေပြန်ကောင်းနေပါပါပြီ
ဆရာဝန်ကတော့ သူညွှန်းသည့်ဆေးကို
သောက်လျှင် မကြာခင်အတိတ်ကို ပြန်မှတ်မိမယ်တဲ့
ခုလည်းစစ်ကျွေးနဲ့ကားတူတူစီးရင်း
အိမ်ပြန်လာတာပါ
အိမ်ရောက်တော့ အမောတွေ ပိုမဆို့မတတ်
wang yibo ဆိုသည့် လူယုတ်မာမှာ
ဧည့်ခန်း၌ ငုတ်တုတ်ကြီး ထိုင်နေလေသည်
"ကိုကို ပြန်လာပြီလား"
"အင်း"
"ဘယ်လိုလဲ "
"ငါသက်သာနေပြီ"
ပြောရင်း အပေါ်ထပ်ရှိရာ မိမိအခန်းဆီသို့
xiao zhanတက်သွားသည်
နောက်ကနေ အသည်းအသန်လိုက်ရှာသော yibo
အိပ်ခန်းထဲအရောက်
"ခဏနေပါအုန်း"
"ဘာလဲ မင်းဘာပြောမလို့လဲ"
"ဘာ မင်း ဟုတ်လား"
"အ့ …………"
သူ့ထပ်ခေါင်းတစ်လုံးစာပိုမြင့်သော
xiao zhanကို yibo လည်ပင်းညစ်လိုက်သည်
သို့ပေမဲ့ xiao zhan အရင်လို ငြိမ်ခံမည် မဟုတ်
yibo ကိုစောင့်တွန်းလိုက်သည်
မြေပြင်၌လဲကျသွားသော
yiboက xiao zhanကို ဝါးမတတ်ကြည့်ရင်း
"ငါနဲ့ဝေးဝေးနေ yibo
အရင်က မင်းကိုဘာမှပြန်မလုပ်နိုင်လို့
မင်းကောင်းကောင်းနှိပ်စက်ခဲ့တာ
ခုတော့မရတော့ဘူး" ပြောရင်း
သူ့ရှေ့ကနေ လှည့်ထွက်လာခဲ့သည်
"မင်းကိုဘယ်သူသွားခိုင်း………"
yibo xiao zhanကိုအကျီ င်္ဆွဲ၍
တွန်းမည်အလုပ်
xiao zhan ရှောင်လိုက်တာကြောင့်
ESTÁS LEYENDO
အမုန်းမြို့အလွန်
FanficLong coat အမဲလေး အမြဲဝတ်ထားတတ်တဲ့ကိုကိုဟာ အမဲရောင် ကြိုက်တဲ့ ရိပေါ်အဖို့ ကိုကိုဟာ perfectပါပဲ ဒါပေမဲ့ ကိုကို့ကိုမုန်းပါတယ် ကိုကိုလည်းyiboကိုမုန်းတယ်မလား အမှန်ဆိုမချစ်ခဲ့သင့်ဘူး အချစ်ဆိုတာ တကယ်ပဲပူလောင်လွန်းပါတယ်