Part - 6 ( ကော ဆန္ဒ 20+🔞 )

51.6K 1K 171
                                    

ဒီအပိုင်းက 20+ ပါပါမယ်နော်

အပိုင်း ( 6 ) ....

""" လု‌ရှောင်ချမ်း !!! မင်း အသက်ဆက်မရှင်ချင်တော့ဘူးလား ???? """

ဟမ် ခလေး!!! ရှောင်ကျန်းဆီ ခြေလှမ်းကျဲကျဲနဲ့ မပြေးရုံသမယ် လျှောက်လာပြီး သူ့‌ ရှေ့ပိတ်ရပ်ကာ ကာကွယ်ပေးနေတဲ့ ရိပေါ်ကိုကြည့်ပြီးပျော်သွားသည် ရှောင်ကျန်း မကြောက်တတ်ပေမဲ့ ခုလိုမျိုး ခလေးကာကွယ်ပေးပြီးဆက်ဆက်ထိမခံဖြစ်နေ
တာကိုက ရှောင်ကျန်းတွက် အရာရာပြည့်စုံနေသလိုပင် !!!

"" အော် ဘယ်သူလဲလို့ ဝမ်ရိပေါ်ကိုး """

"" ဟုတ်တယ် ခင်ဗျားပထွေး ဝမ်ရိပေါ် """

"" မင်းး မင်းး ""

"" ကျန်းကောနားမှာ ခင်ဗျားကို နောက်တစ်ခါ ထပ်တွေ့ရလို့ကတော့ ကျုပ်အဆိုးမဆိုနဲ့ ""

"" ဘာလဲ ရှောင်ကျန်းနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ ဟက် """

"" ခင်ဗျားသိစရာမလိုဘူး ""

"" ဟာ .ဟ ... ကိုယ်နဲ့ ရှောင်ကျန်း ပတ်သက်မှုကိုတော့ မင်းသိဖို့လိုတယ် """

ရိပေါ်စိတ်တိုနေပြီးဆိုတာ ရှောင်ကျန်းသိသည်
ရိပေါ်ပုံစံက ခုဘဲ ထရိုက်တော့မလိုလို လူဘဲ ထသတ်တော့မလိုလို ဒီခလေးမျက်ထောင့်နီပြီး အံကြိတ်ကာ ဒေါသထွက်နေတဲ့ပုံကို သူခုမှ
ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်ပင် !!!
လု ရှောင်ချမ်းက အားကျမခံပြန်သာပြောနေတာ
ခလေးကို လန့်လို့ မျက်နှာပျက်နေပြီးဆိုတာလည်း‌ ရှောင်ကျန်းသတိထားမိသည် ခုလို မကောင်းမှု ဒုစရိုက်မှန်သမျှလုပ်နေပြီး အရှိန်ဝါကြီးနေတဲ့
လူဆိုးဂိုဏ်းခေါင်းဆောင်တောင် ဝမ်ရိပေါ် ကို မြင်တာနဲ့ သွေးပျက်နေတာ ဘာကြောင့်များလဲ?
ဝမ်ရိပေါ်ဆိုတဲ့ လူသားလေးကရော တကယ်ဘဲ သူ့နောက်ကွယ်မှာ ဘာတွေရှိနေတာလဲ ??
သူဘယ်လောက်တောင် အင်အားကြီးလို့ လု‌ ရှောင်ချမ်းလို လူမိုက်တောင် ကျားကနေ ချက်ချင်းအမြီးကုတ်တဲ့ ကြောင် ဖြစ်သွားရတာ
လဲ ??? စဉ်းစားရင်း စဉ်းစားရင်း  ရှောင်ကျန်းပါ ဒီခလေးကိုလန့်လာသည်

"" မလိုဘူး "" ဝမ်ရိပေါ်ရဲ့ ခပ်ပြတ်ပြတ်အသံ ""

"" တကယ် မသိချင်ဘူးလား ?? ဝမ်ရိပေါ် """

ရိပေါ်ရင်ထဲက ကျန့်ကော 20++🔞🌚🌚🌚Where stories live. Discover now