Part - 8 ( ကောက ကျွန်တော့်ရဲ့ကမ္ဘာလေး👬)

26.5K 1K 259
                                    

အပိုင်း (8) .....

"" ဝမ်ရိပေါ် မင်းနဲ့ငါ ဒီနေ့ကစ ပြတ်ပြီး """

ကောစကားကြောင့် ရိပေါ်လန့်သွားသည်

"" ကော ... ကော ကျွန်တော့်ကို ကြိုက်သလို စိတ်ဆိုးနိုင်တယ် ဒါမဲ့ ပြတ်မယ်လို့တော့ မပြောပါနဲ့ဗျာ ကျွန်တော်မခံစားနိုင်ဘူး ""

"" တော်တော့ .... ဝမ်ရိပေါ် ""

အမှန်ဆို ရှောင်ကျန်း ဘာမှမဖြစ်!! တမင်သက်သက် ခလေးကို စချင်လို့သာ ပြတ်မယ်လို့ ပြောလိုက်ခြင်း!! ခလေးရယ် ... ကောလေ ခလေးနဲ့ပြတ်ဖို့နေနေသာသာ ခလေးကို တစ်ရက်မတွေ့ရရင်တောင် မနေနိုင်တော့တဲ့ အခြေနေဖြစ်နေပြီး ခလေးလေးရဲ့ ... စိတ်ထဲမှာသာ ပြောလိုက်ပေမဲ့ ခလေးကို ထပ်စချင်သေးလို့ လှည့်မကြည့်တော့ဘဲ ရှောင်ကျန်း ကားပေါ် တက်လာလိုက်တော့သည်

ကောရဲ့ ကား မောင်းထွက်သွားသည့်တိုင် ရိပေါ် မှင်သက်စွာ ကြောင်ပြီး ရပ်နေမိသည် ကောရယ်.
စိတ်ဆတ်လိုက်တာ ... ရှင်းပြတာကိုနားမထောင်
တဲ့အပြင် ပြတ်မယ်တဲ့လား သူ့အဖြစ်က ဘာနဲ့တူနေသလဲဆိုတော့လေ မနေ့ကမှ ပူပူနွေးနွေးလက်ထပ်ထားတဲ့ သတို့သမီးဘဝကနေ ခုချက်ချင်း တစ်ခုလပ် ဘဝ ရောက်သွားရသလိုဘဲ
ကံဆိုးချက် !!! အဲ့ဒါ ဟိုနှစ်ကောင် မွှေလို့ ဖြစ်ရတာ သတ်မယ် ဒင်းတို့နှစ်ကောင်ကို သူများအိမ်ကို စောစောစီးစီးလည်း လာသေးတယ် တနင့်တပိုး မြိုစို့ပြီး ကော စိတ်ဆိုးအောင်ပါ လုပ်လိုက်သေးတယ် ငိုးးး
FA ကောင်တွေ သေဖို့သာပြင် !!!
ရိပေါ် အိမ်ထဲ ချက်ချင်းပြန်ဝင်လာလိုက်သည်

ထမင်းစားခန်းမှာ ပြီတီတီနဲ့ ဖြဲပြနေတဲ့ ဟိုနှစ်ကောင် .....

"" မင်းတို့နှစ်ကောင် -ီးမို့လို့ ကောကို ပေါက်ကရ ပြောစရာလား ဟိုကစိတ်ဆိုးသွားပြီး ""

"" ဟဲဟဲ ရိပေါ် စိတ်လျော့ စိတ်လျော့ ""

"" ကျန်းကောက မင်းကို စိတ်မဆိုးလောက်ပါဘူး"

ယူဘင်းနဲ့ကျန်းချန် ခုမှ နောင်တရသည် ခု ဝမ်ရိပေါ်ကို ဘယ်လိုနှစ်သိမ့်ရမလဲမသိ ရိပေါ်မျက်နှာတစ်ခုလုံး သွေးတောင်မရှိတော့ ဖြူဖတ်ဖြူရော်နဲ့ သွားပြီး သူတို့စတာ နည်းနည်း လွန်သွားပြီး ကျန်းကောကလည်း လွန်လွန်းတယ် သူ့ခလေးကို အဲ့လောက်တောင် အဖြစ်သည်းရ
လား ဒီလောက်လေးစမိတာကို အကဲပိုလွန်းတဲ့ RS တွေ ......

ရိပေါ်ရင်ထဲက ကျန့်ကော 20++🔞🌚🌚🌚Hikayelerin yaşadığı yer. Şimdi keşfedin