"Nini...Lili တို့လမ်းခွဲကြရအောင်..."
"လမ်းခွဲမယ်??? လမ်းခွဲမယ်လို့ပြောရအောင် niniတို့က ချစ်သူတွေလား...niniတို့က တွဲခဲ့ကြလို့လား..."
"Bor!!!"
"အဟက်...ဟုတ်တယ်လေ...niniတို့က တွဲခဲ့ကြလို့လား...nini liliကိုချစ်တယ်လို့ မပြောခဲ့ဖူးသလို...တွဲမယ်လို့လဲ တစ်ခါမှမပြောခဲ့မိတာမို့ lili ကြိုက်သလိုလုပ်လို့ရတယ်..."
"ကောင်းပြီလေ...ဒါဆို liliတို့က မတွဲခဲ့ကြဘူးပေါ့...
Liliနောက်ဆုံးတော့ အချစ်ကျွန်အဖြစ်က လွတ်မြောက်သွားပြီပေါ့...တစ်ချိန်က liliရဲ့ niniဆိုတာ မရှိခဲ့ဘူး...တစ်ချိန်က niniအပေါ် အရာရာပေးဆပ်ချစ်ခဲ့ရတဲ့ liliဆိုတာတွေ မရှိခဲ့တော့ဘူးပေါ့...နှုတ်ဆက်ပါတယ် nini...liliမရှိတဲ့ အရပ်မှာ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနဲ့ နေရစ်ခဲ့ပါ..."ဒီအခိုက်အတန့်က liliအတွက် ဘဝမှာ အခက်ခဲဆုံးသော အချိန် တဒင်္ဂသေးသေးလေးတစ်ခုရယ်ပါ...
ဘာကြောင့်ဆိုတဲ့ မေးခွန်းကို မေးဖို့ပင် အင်အားမရှိတော့...အဲ့ဒီအမေးရဲ့ နောက်ကွယ်က အဖြေကိုလည်းliliမကြားချင်တော့...
မကြားချင်တာဆိုတာထက် အဲ့ဒီအဖြေက liliကို ပိုနာကြင်စေမှာကို ကြောက်လို့ပါ...အချစ်ရဆုံးသူကို ခုလိုပြောမိတဲ့ စကားလုံးတွေက liliအတွက် စိတ်တောင်မကူးရဲခဲ့တဲ့ စကားပေမဲ့ ခုတော့ liliရဲ့ နှုတ်ဖျားကနေ သေချာပေါက်ကိုပြောထွက်ခဲ့ရပြီ...
နင့်နေအောင်ချစ်ရတဲ့ သူကိုထားရစ်ပြီး လှည့်ထွက်လာခဲ့တဲ့ ခြေလှမ်းတွေနဲ့အတူ ဝမ်းနည်းမှုထက် နာကြင်မှုတွေရောထွေးနေတဲ့ မျက်ရည်စက်တွေက ပါးပြင်ပေါ်ဝယ် ထိန်းမရအောင် ကျလာခဲ့သည်....
Portico အောက်မှာ ရပ်ထားခဲ့ liliရဲ့ကားကိုတောင် မောင်းဖို့အားအင်တွေမရှိတော့...ကားလမ်းမဖက်ထွက်ကာ
တွေ့ရာ Taxi ပေါ်သို့သာပြေးတက်မိသည်...ဒီချိန်မာတော့ lili niniကိစ္စနဲ့ ပတ်သက်ပြီး ဘာကိုမှ မတွေးချင်တော့...တွေးမိတိုင်း နှလုံးသားတွေက မခံမရပ်နိုင်နာကြင်ရနာကြောင့် ဒီ့ထက်ပိုပြီးတော့လည်း နာကြင်မှုဒဏ်ကို တောင့်ခံဖို့ ခံနိုင်ရည်အားမရှိတော့...
