Chapter-2💔

1.7K 131 24
                                    

Lisa side at the wedding day::

Lili မနက် အိပ်ရာနိုးနိုးချင်းမှာတော့ အရင်ဆုံးစဉ်းစားမိတာက...

"Aww...ဒီနေ့ သူ့ရဲ့ လက်ထပ်ပွဲနေ့ပဲ..."

မနက်နိုးနိုးချင်းမှာ သောက်ရတဲ့ ကော်ဖီခါးခါးတစ်ခွက်က liliအတွက် ပြီးပြည့်စုံတဲ့ မနက်ခင်းတွေဖြစ်ခဲ့ပေမဲ့...
ဒီလိုနေ့မျိုးမှာတော့ ကော်ဖီခါးအရသာက liliရဲ့ အတိတ်အတွေးခါးခါးတွေကို ပြန်တူးဖော်ပေးနေသလိုပင်...

ဒါပေမဲ့ liliအပေါ် သက်ညှာမှု ကင်းမဲ့ခဲ့တဲ့ အတိတ်တွေဆီမှာပဲ ပိတ်မိနေခဲ့တာ မဟုတ်လား...ပိတ်မိတယ်ဆိုတာထက် ကိုယ်တိုင်က နာကြင်စရာတွေဆီက ထွက်မပြေးခဲ့ပဲ ဖက်တွယ်ထားခဲ့မိတာပါ...

ဆုပ်လည်းစူး စားလည်းရူးဆိုတဲ့ ပူလောင်တဲ့ အချစ်ကို သိလျက်နဲ့ တွယ်တာမြတ်နိုးမိခဲ့တာ...Jennie Kim ဆိုတဲ့ တစ်ဦးတည်းသော ကောင်မလေးအတွက်နဲ့ပေါ့...

ဆောင်းဦးရဲ့ ချမ်းစိမ့်စိမ့် မြောက်ပြန်လေညင်းတို့ တိုက်ခတ်နေတဲ့ ဝရံတာမှာ ကော်ဖီတစ်ခွက်ကို ကိုင်ရင်းရပ်နေခဲ့မိတာ ဘယ်လောက်ထိကြာသွားသည်မသိ...ကော်ဖီတွေတောင် အေးစက်ကုန်ပြီ...

နံနက်ခင်းရဲ့ ရောင်ခြည်နွေးနွေးလေးတွေက စံအိမ်အဝင်လမ်းက သစ်ပင်တွေပေါ် နူးညံ့စွာကျရောက်ကာ သာယာလွန်းနေတဲ့ လမ်းကလေး...

အဲ့ဒီလို မြင်ကွင်းတွေက တစ်ချိန်က Ni niဆိုတဲ့ သူမနဲ့ ပျော်ရွှင်ခဲ့ဖူးတဲ့ နေရက်တွေကို ပြန်ရောက်သွားသလိုပါ...

လွန်ခဲ့သော ၈နှစ်ခန့်က...

ရင်ခုန်တတ်စ ၁၆ နှစ်အရွယ် ကောင်မလေး နှစ်ယောက်...
ငယ်ငယ်ကတည်းက ပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေမဟုတ်ပေမဲ့ သူတို့ရဲ့ တွေ့ဆုံမှုလေးက အဖိုးမဖြတ်လောက်အောင် ပြီးပြည့်စုံလှတဲ့ ဘုရားပေးတဲ့ဆုလို့ ပြောရလေမလား....

သံယောဇဉ်တွေ အရောင်မဆိုးခင်ထိ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့....

" lili..."

"ပြောလေ niniရဲ့..."

"Lili ကလေ nini အတွက် ဘုရားပေးတဲ့ ဆုလာဘ်သိလား...ဒီလို အမြဲတမ်း niniရဲ့ အကောင်းဆုံး သူငယ်ချင်းအဖြစ်ဆက်ရှိနေပေးပါနော်..."

❤I love u but... I hate u💔Where stories live. Discover now