(Zawgyi)
ဆေးရုံ၏မျက်စောင်းထိုးရှိ cafeတစ်ခုတွင် ဝမ်ရိပေါ်၊ ရှောင်းကျန့်နှင့် အားယွမ်တို့အတူထိုင်နေသည်။
ချောကလက်ကိတ်မုန့်တွေပေပွအောင်စားနေသည့် အားယွမ်လေးကို ရှောင်းကျန့်က တစ်ချက်မဟန့်တား၊ လုပ်သမျှပြုံးကာကြည့်နေသည်မို့ ဝမ်ရိပေါ်ငေးနေမိသည်။သူက နေမကောင်းဖြစ်နေတာမှမဟုတ်တာ
ဆရာဝန်ပဲ
ပြီးတော့ သူ့အမျိုးသမီးရော?..."အားယွမ်က ဒီဇင်ဘာလဆို ၄နှစ်ပြည့်ပြီလေ"
"သြော်..ဟုတ်လား၊ အားယွမ်က ဥာဏ်ကောင်းပုံပဲနော်"
"ဟုတ်တယ်..."
"...."
"ရိပေါ်ရဲ့မားမားက ဘာမှသေချာပြောမပြရသေးဘူးထင်တယ်"
"ဟုတ်တယ် မားမားကသူရေးပေးထားတဲ့ဖုန်းနံပါတ်ကို ဆက်ဖို့ပဲပြောထားတယ်"
"ကိုယ့်မှာတော့ ရိပေါ်မားမားပေးထားတဲ့စာတစ်စောင်ပါတယ်၊
ဒီစာက ရိပေါ်အတွက်တဲ့..ကိုယ်နဲ့တွေ့တဲ့အခါပေးလိုက်ဖို့ ကိုယ့်မားမားဆီပေးထားတာ"ထုတ်ပေးလာသည့် အဖြူရောင်စာရွက်ခေါက်လေး...
ဆက်သွယ်ရေးလွယ်ကူလျင်မြန်လွန်းနေသည့်ခေတ်မှာ စာတစ်တန်ပေတစ်တန်နှင့် ရှေးရိုးစွဲလုပ်နေသည့်မားမားကို ဝမ်ရိပေါ်ပထမဆုံးအကြိမ် စိတ်တိုချင်မိသည်....(😏)
...
...
..."အဲ့တော့ မားမားတို့သဘောက ကျွန်တော်တို့နှစ်ယောက်လုံးအဆင်ပြေသွားအောင် ကျွန်တော်နေတဲ့တိုက်ခန်းမှာ ဒီကအကိုတို့ကို လာနေစေချင်တယ်ပေါ့"
မားက ကြိုပြောထားရင် ငါငြင်းမှာစိုးလို့
ဒီလိုခြေချုပ်ဖမ်းလိုက်တဲ့သဘောပေါ့...
ကလေးတစ်ယောက်နဲ့အဆင်မပြေဖြစ်နေတာကို ငါကြည့်မနေနိုင်မှန်းသိလို့...."ကိုယ်က ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပါတယ်၊ ရိပေါ်အဆင်မပြေရင် အားနာစရာလုံးဝမလိုဘူးသိလား...ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်။
ကိုယ် မားမားတို့ကိုဘာမှပြန်ပြောမှာမဟုတ်ဘူး""ဒါဆို ကလေးအမေကရော?"
"အားယွမ်မာမီက ကနေဒါမှာနေတာ၊ဒယ်ဒီနဲ့မတွေ့ဘူး... နော်! ဒယ်ဒီ"
YOU ARE READING
Goodbye My Love ||Completed||
Fanfictionနှလုံးသားကိုမျက်ကွယ်ပြုဖို့မတတ်နိုင်တဲ့အခါ အဆုံးစွန်ချစ်မိဖို့ ကျွန်တော်တို့နှစ်ယောက်ရွေးချယ်ခဲ့ကြတယ်...